ပင်လယ်ရေပြင်မြင့်တက်ခြင်း ၂၀၂၄ ခုနှစ် အခြေအနေ

ကမ္ဘာ့ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်သည် နှစ်ပေါင်းသောင်းနှင့် ချီ၍ သိသာသော အတိုးအလျော့ မရှိဘဲ တန့်နေခဲ့ရာမှ ယခုအခါ ကမ္ဘာအနှံ့၌ တအိအိမြင့်တက် လာလျက် ရှိသည်သာမက မြင့်တက်မှုသည် အရှိန် ရလာနေသည်။

ပင်လယ်ရေပြင် မြင့်တက်လာခြင်း၏ အဓိကအကြောင်းမှာ ဂရင်းလန်းကျွန်းနှင့် အန္တာတိကတိုက်တို့ရှိ ရေခဲများ အရည်ပျော်လာနေသောကြောင့် ဖြစ်သည်။ ရေသည် ပူသောအခါ ပွယောင်းလာသည့်အတိုင်း တက်လာနေသော ကမ္ဘာ့လေထုအပူချိန်ကြောင့်လည်း ပင်လယ်ရေပြင် မြင့်လာနေသည်။

အောက်ပါဗီဒီယိုပြကွက်၌ ၁၉၉၃ ခုနှစ်မှစ၍ တရိပ်ရိပ်တက်လာနေသော ပင်လယ်ရေပြင်ကို မြင်နိုင်သည်။

https://www.facebook.com/WorldMeteorologicalOrganization/videos/1053713973369819

ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံတကာ အစိုးရကိုယ်စားပြုပညာရှင်များအဖွဲ့ (အိုင်ပီစီစီ)က ထုတ်ပြန်သော ”ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃ အစီရင်ခံစာ”အရ ကမ္ဘာ့ပျမ်းမျှပင်လယ်ရေပြင်သည် ၁၉၀၁ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်ကြား၌ ဝ ဒသမ ၂၀ မီတာမြင့်တက်ခဲ့သည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့၏ ထုတ်ပြန်ချက်အရ ပင်လယ်ရေပြင်တက်နှုန်းသည် ၂၀၁၅ ခုနှစ်က တစ်နှစ်လျှင် ၂ ဒသမ ၁ မီလီမီတာနှုန်းဖြင့် တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၌ တစ်နှစ်လျှင် ၄ ဒသမ ၇ မီတာနှုန်း မြင့်တက်ခဲ့သဖြင့် ရေပြင်မြင့်တက်နှုန်းသည် ၁၀ နှစ်အတွင်း နှစ်ဆကျော် ပိုမိုလာခဲ့သည်။ ၂၀၂၄ ခုနှစ်၌ ပင်လယ်ရေပြင်သည် ၁၉၉၃ ခုနှစ်ကနှင့်စာလျှင် ၁၁၃ မီလီမီတာခန့် ပိုမိုမြင့်တက်ခဲ့သည်။

လူတို့က ယခုထုတ်လွှတ်နေသော ဖန်လုံအိမ်ဓာတ်ငွေ့များကို လုံးဝရပ်တန့်လိုက်လျှင်သော်မှ လေထုတွင်း ရောက်နေပြီးသော ဓာတ်ငွေ့များ၏အပူကြောင့် ပင်လယ်ရေပြင်သည် ဆက်လက်မြင့်တက်ရန် သေချာနေသည်။

(ပင်လယ်ရေပြင်မြင့်တက်ခြင်းအကြောင်း ပိုမိုသိရှိလိုလျှင် ရာသီဥတုပြောင်းလဲခြင်းစွယ်စုံကျမ်း စာမျက်နှာ ၆၃-၆၆ ၌ ဖတ်ရှုပါ။)

Leave a comment