သဘာဝသယံဇာတ
မြန်မာနိုင်ငံ၌ မြေပေါ်ရေ ၁၀၈၂ ကုဗကီလိုမီတာ၊ မြေအောက်ရေ ၄၉၅ ကုဗကီလိုမီတာ၊ ဒီရေတော ဟက်တာ ၃၈၀ဝဝဝ၊ ဇီဝမျိုးစုံ ကြွယ်ဝမှုအနေဖြင့် အပင်မျိုးစိတ် ၁၁၈၀ဝ မျိုး၊ နို့တိုက်သတ္တဝါ ၂၅၉ မျိုး၊ ငှက် ၁၀၅၆ မျိုး၊ တွားသွားသတ္တဝါ ၂၉၇ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၈၂ မျိုး၊ ငါးမျိုးစိတ် ၇၇၅ မျိုး၊ ရေငန်လိပ် ၅ မျိုး၊ သန္တာကျောက် ၅၂ မျိုး ရှိ။
ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု
အိမ်တွင်းမွေးမြူရေး ကျွဲ နွားစသည့် စမြုံ့ပြန် အိမ်မွေးတိရစ္ဆာန်များသည် ဖန်လုံအိမ်ဓာတ်ငွေ့ စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းကို ထုတ်လွှတ်။ သစ်တောပြုန်းတီးမှုမှ ကာဘွန်ဒိုင်အောက်ဆိုက် မက်ထရစ်တန် ၁၉၈ သန်း၊ သစ်တောအတန်းအစား ကျဆင်းခြင်းမှ မက်ထရစ်တန် ဝ ဒသမ ၈၄၄ သန်း၊ တောမီးလောင်ခြင်းမှ တန်သန်း ၄၀ ထုတ်လွှတ်။
အပူချိန်မြင့်တက်ခြင်း
မြန်မာနိုင်ငံ၏ အပူချိန်သည် ဆယ်စုနှစ်တစ်ခုစီတွင် ဝ ဒသမ ဝ၈ ဒီဂရီ ဆဲလ်စီးယပ်စ်တိုးလာ။
ထိခိုက်ပျက်စီးမှု
၂၀ဝ၆ မာလာမုန်တိုင်းကြောင့် သစ်တောကြိုးဝိုင်း၏ ၁၀ ရာခိုင်နှုန်းကို ပျက်စီးစေခဲ့။
၂၀၁၀ မြန်မာနိုင်ငံ အပူချိန်လွန်ကဲမှုကြောင့် ကျန်းမာရေးပြဿနာ ၁၄၈၂ ခု၊ သေဆုံးသူ ၂၆၀ ဦး ရှိခဲ့။
၂၀၁၅ ခုနှစ် ဇူလိုင်နှင့်သြဂုတ်လ ရေကြီးမှုကြောင့် လူ ၁ ဒသမ ၆ သန်း နေရင်းဒေသမှ ပြောင်းရွှေ့ခဲ့ရပြီး သေဆုံးသူ ၁၃၂ ဦး ရှိ။ ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ၊ ၂၀၁၄-၁၅ စုစုပေါင်းမြန်မာနိုင်ငံ ပြည်တွင်းထုတ်ကုန်၏ ၃ ရာခိုင်နှုန်းကျော်ရှိ။
၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း ဒေသအလိုက် ရာသီဥတုဒဏ် ထိခိုက်ခံစားရမှု လေ့လာချက် သုံးခု။ ချင်းပြည်နယ် ဟားခါးမြို့၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တွင် ပြုလုပ်ခဲ့။ လပွတ္တာမြို့တွင် ဒီရေတောများ ပြုန်းတီးမှုကြောင့် မုန်တိုင်းဒီရေဒဏ် ခံစားရ၊ ပင်လယ်ရေပြင် မြင့်တက်ခြင်းကြောင့် ကမ်းပါးပြို။
ပင်လယ်ပြင်မြင့်တက်ခြင်း
မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းတလျှောက်တွင် ပင်လယ်ရေမျက်နှာပြင်သည် ၂၀၅၀ ပြည့်နှစ်၌ ၂၀ စင်တီမီတာမှ ၄၀ စင်တီမီတာအထိ၊ ၂၀၈၀ ပြည့်နှစ်၌ ၃၇ မှ ၈၃ စင်တီမီတာအထိနှင့် အများဆုံး ၁၂၂ စင်တီမီတာအထိ မြင့်တက်နိုင်။
(မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၌ ထုတ်ဝေခဲ့သည့် ရာသီဥတုပြောင်းလဲမှု မဟာဗျူဟာ (၂၀၁၈-၂၀၃၀)မှ ကောက်နုတ်ချက်များ)