မြန်မာ့အပူချိန်နှင့် မိုးရေချိန် ပြောင်းလဲမှု လေ့လာချက်

ဤလေ့လာချက်သည် မြန်မာနိုင်ငံ၌ ၁၉၈၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မိုးလေဝသစခန်း ၃၅ ခု၏ တိုင်းတာချက်များကို အသုံးပြု၍ အစွန်းရောက် နေ့စဉ်အပူချိန်နှင့် မိုးရေချိန်များ နှစ်စဉ်ပြောင်းလဲလာပုံကို လေ့လာသည်။ ယင်းလေ့လာချက်အရ မြန်မာနိုင်ငံ၌ သိသာစွာ ပူပြင်းလာနေသောအချက်ကို တွေ့ရှိသည်။ ၂၀ဝ၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အပူချိန်မြင့်မားလာမှုသည် ၂၀၁၁ ခုနှစ်မှလွဲ၍ နှစ်စဉ် ဝ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်စီ တက်လာနေခဲ့သည်။ ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးအပူချိန်များသည် တောက်လျှောက် မြင့်မားလာနေခဲ့သည်။ ပူပြင်းသောနေ့နှင့်ညများသည် များပြားလာနေပြီး အေးသောနေ့နှင့်ညများ လျော့နည်းသွားသည်။

၁၉၈၁ မှ ၂၀၁၅ အတွင်း မြန်မာနိုင်ငံ၌ အမြင့်ဆုံးအပူချိန် နှစ်စဉ်ပြောင်းလဲမှု

၂၀၁၈ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကြားကာလတွင် ၁၉၈၁ နှင့် ၂၀၁၅ အတွင်း မိုးရွာသွန်းမှု များလာသော်လည်း သိသိသာသာ မဟုတ်ချေ။ ယင်းကာလအတွင်း ဆယ်စုနှစ်တစ်ခုလျှင် ၇၆ ဒသမ ၅၂ မီလီမီတာနှုန်းဖြင့်သာ မိုးပိုလာခဲ့သည်။

၁၉၈၁ မှ ၂၀၁၅ အတွင်း မြန်မာနိုင်ငံ၌ မိုးရေချိန် နှစ်စဉ်ပြောင်းလဲမှု

လက်ရှိနှုန်းအတိုင်း အပူချိန် ဆက်လက်မြင့်တက်လာလျှင် အပူလှိုင်း၊ မိုးခေါင်ခြင်း၊ မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းစသည်တို့ကို ပိုမိုကြုံတွေ့ရမည်။

ကိုးကား – Observed Trends and Changes in Temperature and Precipitation Extreme Indices over Myanmar by Kyu Kyu Sein, Amnat Chidthaisong, and Kyaw Lwin Oo

Leave a comment