“ရေ” အက်ပလီကေးရှင်း

စတင်ဖြစ်ပေါ်လာပုံ

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် နှစ်ကြာရှည်လှသော ပဋိပက္ခများနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ပြည်သူလူထု အားလုံးသည် ရသင့် ရထိုက်သော ကျန်းမာရေး အခွင့်အလမ်းများ မရရှိခြင်း၊ ကျန်းမာရေး အသိပညာများနှင့် အလှမ်း၀ေးခြင်း၊ သန့်ရှင်းရေး ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ မလုံလောက်ခြင်း စသည့် အခက်အခဲ များစွာ ကြုံတွေ့နေကြရပါသည်။ ဤအခက်အခဲများကို ဖြေရှင်းရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါ၀င် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျွန်တော်၊ ကျွန်မတို့ Project YEA မှ လူငယ်များ စုပေါင်းပြီး “ရေ” အက်ပလီကေးရှင်းကို စတင်ခဲ့ပါသည်။

“ရေ” မိုဘိုင်းအက်ပလီကေးရှင်းမိတ်ဆက်

“ရေ” မိုဘိုင်း အက်ပလီကေးရှင်းသည် ၂၀၂၁ ခုနှစ် အရှေ့တောင် အာရှ လူငယ် ခေါင်း‌ဆောင်များအတွက် ပံ့ပိုးပေးသော (Young Southeast Asians Leaders Initiative – YSEALI) မှ ဆုရရှိထားသည့် project တစ်ခု ဖြစ်ပါသည်။ ဤ မိုဘိုင်းအက်ပလီကေးရှင်းတွင် အရေးပေါ် အခြေအနေများတွင် တွေ့ကြုံရသော ရေရရှိရေး၊ မိလ္လာစနစ်နှင့်  တစ်ကိုယ်‌ရေ သန့်ရှင်းရေး (WASH) ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်၊ လမ်းညွှန်ချက်များ၊ သတင်းဆောင်းပါးများ၊ အသိပညာပေးစာများ၊ ပုံများကို ဝေဝေဆာဆာဖြင့် တွေ့ရှိရမည် ဖြစ်သည့်အပြင် ရေနဲ့ ပတ်သက်ပြီး အခက်အခဲများရှိပါက အကူအညီ တောင်းနိုင်သော အချက်အလက်များလည်း ပါ၀င်ပါသည်။  “ရေ” အက်ပလီကေးရှင်း အကြောင်းကို မိဘ၊ ပြည်သူများ သိကျွမ်း နားလည်နိုင်စေရန် အောက်တွင်  ပြည့်ပြည့်စုံစုံ ရှင်းလင်း ဖော်ပြထားပါသည်။

“ရေ” အက်ပလီကေးရှင်း၏ features များ

(၁) ရေ၊ မိလ္လာနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆိုင်ရာ လက်တွေ့ အသုံးချနိုင်မည့် အမေးအဖြေ ကဏ္ဍ၊

(၂) ရေ၊ မိလ္လာနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆိုင်ရာ ဆောင်းပါးများကို ဖတ်ရှုနိုင်မည့် သတင်းကဏ္ဍ၊

(၃) မိမိတို့၏ လိုအပ်ချက်များ၊ အခြေအနေများကို တောင်းဆိုနိုင်သော စစ်တမ်း (survey) ကဏ္ဍ၊

(၄) အကူအညီများ လိုအပ်လာပါက ဆက်သွယ်နိုင်သော လူသားချင်း စာနာ ထောက်ထား အကူအညီပေးနေသည့် အဖွဲ့အစည်းများ၏ ဖုန်းနံပါတ် contact list များ ကဏ္ဍ၊

အစရှိသော features များ စုံစုံလင်လင် ပါ၀င်ပါသည်။

ဘာသာစကားကိုးမျိုးနှင့် “ရေ”

မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အားလျော်စွာ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့များသည်လည်း များပြား ကြွယ်၀လှပါသည်။ “ရေ” အက်ပလီကေးရှင်းအနေဖြင့် မြန်မာနိုင်ငံ၏ နေရာဒေသတိုင်း၊ တောင်ပေါ် မြေပြန့် မရွေး လူတိုင်း အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဗမာ၊ ပိုးကရင်၊ စကောကရင်၊ ရခိုင်၊ ရှမ်း၊ ကချင်၊ တီးတိန်ချင်း၊ မင်းတပ်ချင်း၊ ဟားခါးချင်း စသော တိုင်းရင်းသား လူမျိုးစု ဘာသာစကား ကိုးမျိုးဖြင့် ထည့်သွင်းရေးသားထားပါသည်။ ထို့ကြောင့် “ရေ” အက်ပလီကေးရှင်း ကို အသုံးပြုသည့်အခါ မိမိရဲ့ ဘာသာစကား အတိုင်း ရေ၊ မိလ္လာနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆိုင်ရာ အမေးအဖြေများ၊ စစ်တမ်းများကို ဖြေဆိုနိုင်မှာ ဖြစ်ပါသည်။

“ရေ” အက်ပလီကေးရှင်း အသုံးပြုရန် အင်တာနက် လိုအပ်ပါသလား။

“‌ရေ” အက်ပလီကေးရှင်း၏ သတင်း ဆောင်းပါး ကဏ္ဍကို အသုံးပြုလိုပါက အင်တာနက် လိုအပ်ပါသည်။ သို့သော် အခြားကဏ္ဍများ ဖြစ်သော ရေ၊ မိလ္လာနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆိုင်ရာ အမေးအဖြေများ၊ အကူအညီ တောင်းခံနိုင်သော စစ်တမ်း(survey)၊  လူသားချင်း စာနာ ထောက်ထား အကူအညီပေးသော အဖွဲ့အစည်းများသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်များကို အင်တာနက်မလိုအပ်ဘဲ အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် “ရေ” မိုဘိုင်း အက်ပလီကေးရှင်းသည် အင်တာနက်လိုင်းခက်ခဲသည့် နေရာဒေသများတွင်လည်း အသုံးပြုနိုင်သော အက်ပလီကေးရှင်း တစ်ခုဖြစ်ပါသည်။

အနှစ်ချုပ် ဆိုရမည်ဆိုပါက “ရေ” မိုဘိုင်းအက်ပလီကေးရှင်းသည် လူသားချင်း စာနာ ထောက်ထား အကူအညီပေးနေသော အဖွဲ့အစည်းများ၌ ဝင်ရောက် လုပ်ကိုင်နေသူများ၊ စစ်ဘေးရှောင်စခန်းများ၌ စေတနာ့ဝန်ထမ်း လုပ်ဆောင်နေသူများနှင့် ရေ၊ မိလ္လာနှင့် တကိုယ်ရည် သန့်ရှင်းရေး ဆိုင်ရာ အသိပညာ အားနည်းသောသူများအတွက် အမှန်တကယ် အဖိုးတန် အသုံး၀င်သော အက်ပလီကေးရှင်းတခု ဖြစ်ပါသည်ဟု ပြောကြားလိုပါသည်။

https://bit.ly/34TzFPI ကို နှိပ်ပြီး “ရေ” အက်ပလီကေးရှင်းလေးကို ဒေါင်းလုပ်အသုံးပြုနိုင်ပါသည်။

ဆက်သွယ်ရမည့် ဖုန်းနံပါတ်                09 965 515 737

Email လိပ်စာ                                        ProjectYEAmobile.App@gmail.com

Facebook link                                      https://www.facebook.com/YEA-Mobile-Application

Website link                                        https://yeamobileapp.com/

Leave a comment