
သောက်သုံးရေကန်များခန်းခြင်းအကြောင်းတွင် သုံးစွဲမှုအပြင် ရေငွေ့ပျံဆုံးရှုံးမှုကြောင့်လည်း ရာခိုင်နှုန်း အတော်များများ ပါသည်။ ရေငွေ့ပျံဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် အားထုတ်မှုများအနက် အိန္ဒိယနိုင်ငံ Pune အရပ်၌ ပြုလုပ်ခဲ့သောလေ့လာချက်တစ်ရပ်သည် စိတ်ဝင်စားဖွယ်ကောင်းသည်။
ရေကန်ငယ်ရှစ်ကန်တည်ဆောက်၍ လေးကန်ကို အဖုံးအကာမရှိထားပြီး ကန်နှစ်ကန်တွင် မြေကြီးထည့်ထားသောရေသန့်ဘူးအကြည်(PET)များ၊ ကျန်နှစ်ကန်ကို ရေသန့်ဘူးအကြည်အလွတ်များဖြင့် ဖုံးကာ ကန်ရှစ်ကန်မှရေငွေ့ပျံမှုပမာဏကို လေ့လာတိုင်းတာသည်။
ရေသန့်ဘူးအကြည်များဖြင့်ဖုံးထားသောကန်မှ ရေငွေ့ပျံနှုန်းသည် အပွင့်ကန်ထဲမှ ရေငွေ့ပျံနှုန်းထက် ၄၀ ရာခိုင်နှုန်းမျှ လျော့နည်းသည်။ မြေသားထည့်ထားသောဘူးဖြင့်ဖုံးထားသောကန်များထဲမှ ရေငွေ့ပျံနှုန်းသည် ဘူးအကြည်ကန်ထဲက အငွေ့ပျံနှုန်းနှင့်များစွာမကွာခြားပေ။
မြန်မာ့ကျေးလက်များရှိကန်များကို စွန့်ပစ်ရေသန့်ဘူးအကြည်များဖြင့် ဖုံးအုပ်စမ်းသပ်ကြည့်လျှင် ရေအငွေ့ပျံဆုံးရှုံးမှုနည်းကာ ခြောက်သွေ့အချိန်များတွင် ကန်ထဲ၌ ရေပိုကျန်နေကြောင်းတွေ့ရပါလိမ့်မည်။
ရေသန့်ဘူးအကြည်များမှဓာတုပစ္စည်းများသည် အသုံးပြုပြီးအနည်းဆုံး ၁၀ နှစ်ခန့်ကြာမှ ရေထဲပျော်ဝင်လာမှုအန္တရာယ်ရှိနိုင်ကြောင်း သိရပါသည်။
တစ်ခုသတိပြုရမည်မှာ ရေသန့်ဘူးခွံအဝိုင်းများသည် လေကြောင့် လူးသွားလိမ့်သွားသည့်အခါ ကန်ထဲမှရေများ ဘူးမျက်နှာပြင်၌ ကပ်ပါလာကာ အငွေ့ပျံနှုန်း ပိုများသွားသည့်အချက်ကို ဖြစ်သည်၊ ထို့ကြောင့် ဘူးခွံအဝိုင်းအစား လေးထောင့်ဘူးအခွံများကို သုံးသင့်သည်။ မည်သည့်ဘူးခွံဖြစ်စေ၊ လေပြင်းကြောင့် လွင့်မပါသွားစေရန် ပိုက်ကွန်ဖြင့် အုပ်ထားနိုင်သည်။