• မြေအောက်ရေကြော(aquifer)အဓိကနှစ်မျိုးရှိသည်။ မြေအောက်ရေရှိရာသဲထု၏အောက်တွင်သာ ရွှံ့၊ ကျောက်လွှာစသောရေပိတ်လွှာရှိသည့် ရေကြောကို unconfined aquifer ဟုခေါ်ပြီး အပေါ်ရောအောက်ပါရေပိတ်လွှာရှိသည့် ရေကြောကို confined aquifer ဟုခေါ်သည်။ တစ်ဖက်ပိတ်ရေကြောနှင့်နှစ်ဖက်ပိတ်ရေကြောဟု ပြန်ဆိုနိုင်မည်ထင်သည်။ ဥပမာအလွယ်ပေးရလျှင် တစ်ဖက်ပိတ်မြေအောက်ရေကြောရှိရေသည် မြစ်ချောင်းထဲတွင်စီးသည့်ရေနှင့်တူပြီး နှစ်ဖက်ပိတ်မြေအောက်ရေကြောရှိရေသည် ပိုက်ထဲတွင်စီးသည့်ရေနှင့်တူသည်။ ခန်းခြောက်လျော့နည်းသွားသည့်မြေအောက်ရေကိုပြန်ဖြည့်ရာတွင် ယေဘုယျအားဖြင့် တစ်ဖက်ပိတ်ရေကြောကို ဖြည့်ရတာက ပိုလွယ်သည်။ လွယ်သည်ဆိုသော်လည်း မြေအောက်ရေကြော တည်နေပုံ၊ တည်ဆောက်ပုံ၊ သဲလုံးများ၏အရွယ်အစားစသည်တို့ကို ဇလဘူမိဗေဒနည်းပညာဖြင့် တိုင်းတာတွက်ချက်ဖို့လိုအပ်သည်။ ပြန်ဖြည့်မည့်ရေများကို သိုလှောင်မည့် ရေစိမ့်ကန်(ပထမပုံကိုကြည့်ပါ)၏ တည်နေရာနှင့်အရွယ်အစားကိုလည်း တွက်ရသည်။ ပြီးလျှင် ပြန်ဖြည့်မည့်ရေကို လိုအပ်သလို အမှိုက်သရိုက်ဖယ် သန့်စင်စေကာ ရေစိမ့်ကန်တွင်းထည့်၍ မြေအောက်စိမ့်ဝင်စေရသည်။ ပြန်ဖြည့်ရေကြောင့် မြေအောက်ရေပြင်မြင့်တက်လာသည်။ ဖြည့်သည့်ရေပမာဏပေါ်တွင်မူတည်ကာ အဝီစိတွင်းမှ ရေပိုထုတ်သုံးလာနိုင်သည်။ ရေများများဖြည့်နိုင်လျှင်…

    Continue reading →: မြေအောက်ရေကြောအဓိကနှစ်မျိုး
  • သာဓက(၁) အိန္ဒိယအိန္ဒိယသည် မိုးရေဖြင့်မြေအောက်ရေပြန်ဖြည့်ခြင်းကို တက်ကြွစွာလုပ်ဆောင်နေသောနိုင်ငံဖြစ်သည်။ မွမ်ဘိုင်းကဲ့သို့သောမြို့ကြီးတွင်ပင် မိုးရေကိုကျယ်ပြန့်စွာအသုံးချဖို့စီစဉ်နေသည်။ အချို့မြို့ကြီးများတွင် အဆောက်အအုံဆောက်လျှင် မိုးရေခံစနစ်ပါမှ ဆောက်ခွင့်ပေးသည်။ မိုးရေခံစနစ်တည်ဆောက်ခြင်းလက်စွဲ စာအုပ်များကိုထုတ်ဝေထားသည်။ တစ်မြို့လုံးတစ်ရွာလုံးအတွက်အပြင် တစ်အိမ်ချင်း မြေအောက်ရေ ဖြည့်ရာတွင် အထောက်အကူရစေသောပုံများကိုလည်း ဖြန့်ဝေကြသည်။ သာဓက(၂) ဘင်္ဂလားဒက်ရှ်ဘင်္ဂလားဒက်ရှ်သည်လည်း မြန်မာကဲ့သို့ မိုးကောင်းစွာရသော်လည်း အချို့အရပ်များတွင် နွေအခါရေရှားသည်။ ယင်းအခက်အခဲကို ယူနီဆက်အပါအဝင် အဖွဲ့အစည်းများ၏အကူကိုယူ၍ မိုးရေဖြင့်မြေအောက်ရေပြန်ဖြည့်သည့်စနစ်များ တည်ဆောက်ဖြေရှင်းနေကြပုံကို ပုံတွင်တွေ့နိုင်သည်။ သာဓက(၃) ထိုင်းထိုင်းနိုင်ငံ Ubon Ratchathani တွင် ထုတ်ယူသုံးစွဲတာများလွန်း၍ လျော့နည်းကျဆင်းသွားသော မြေအောက်ရေကြောကို ပြန်ဖြည့်ပေးသည့်စနစ်သရုပ်ပြပုံနှင့် တည်ဆောက်နေပုံကို မြင်နိုင်သည်။ သာဓက(၄) အမေရိကန်အမေရိကန်နိုင်ငံ ၀ါရှင်တန်ပြည်နယ်ရှိ ရေစိမ့်ကန်တစ်ခု။ ရေကောင်းစွာစိမ့်ဝင်နိုင်အောင်စီမံထားသည့် သဲလွှာ ကျောက်လွှာများ ကန်အောက်ခြေတွင်ရှိသည်။ သာဓက(၅)…

    Continue reading →: မြေအောက်ရေပြန်ဖြည့်ခြင်း
  • (ဤပို့စ်သည် Saw Ardar Poe က ညွှန်းသဖြင့် Maung Maung Oo အကောင့်တွင် တင်ထားသည် တို့ကို သဘောကျ၍ တစ်ခုတည်း ဖြစ်အောင် စုစည်းထားသောပို့စ် ဖြစ်ပါသည်။ ) ငါန်းဇွန်နယ်ကြော၏မြေအနေအထားသည် အနိမ့်အမြင့်မညီ၊ မိုးရေကန်အများစုသည် ရေလမ်းကြောင်း အဆင်မပြေသဖြင့် လှောင်ရေလည်း ခက်သည်။ ကန်တွင်းရလာသည့်ရေသည် အောက်ခံမြေစုပ်ယူအားနှင့် အငွေ့ပျံဖြစ်စဉ်ကြောင့် ကြာကြာမသုံးကြရ။ ရွာတွေမှာ လူဦးရေနှင့်အိမ်ခြေတိုးတော့ရေချိုပိုလိုလာသည်။ မြေအောက်ရေရနိင်ဖို့တွင်းတူးသည်။ ပေထောင်သာချီသည်။ ရေချိုမထွက်။ တချို့ရွာတွေမှာမြစ်ရေတင်ကရေလွှတ်ချိန် ရနိင်သော်လည်း မြစ်ရေတင်မြောင်းမရှိ၍ မြစ်ရေချိုကိုဝယ်သုံးရသည်။ ငါန်းဇွန်မြို့နယ် လွှတ်တော်အမတ်ဦးကျော်စိုးနိင်နှင့်တိုင်ပင်ပြီး ကန်တစ်ကန်တွင် မိုးကာခင်း ရေစုထိန်းသိမ်းဖို့စီစဉ်သည်။ ကိုစိန်ဝင်း(မောင်စိန်ဝင်းနှင့်ညီများကုမ္ပဏီ)က အလျား ၁၅၀ အနံ ၁၀၄ အနက် ၆…

    Continue reading →: မိုးကာခင်းကန်
  • ရေရှားသောမြန်မာ့ကျေးရွာများ၌ ညနေစောင်းတွင် ရေအိုးကိုယ်စီရွက်၍ ရေခပ်ဆင်းကြသော လုံမပျိုတို့အကြောင်း ကဗျာဖွဲ့ကြ၊ စာအလှသီကုံးကြသည်။ ကဗျာနှင့်စာကိုဖတ်ရတာ ချောနေသော်လည်း ရေအပြည့်ပါသောအိုးတို့ ပုံးတို့ကို ရွက်၍ပြန်လာရသည့် လုံမပျိုတို့၏ဘဝသည်မူ လှပသည်ဟု မဆိုနိုင်။ ရေအတွက်အချိန်ပေးရသဖြင့် အလုပ်ပျက်၊ ပညာရေးဘက်တွင် အချိန်လျှော့ပေးရသည့်အပြင် ကြာလျှင် ခါးနာ ကျောရိုးဒဏ်ရာရစသဖြင့် ကျန်းမာရေးထိခိုက်ကြသည်။ ထိုနည်းတူ အိန္ဒိယ၊ အာဖရိကနိုင်ငံအချို့ စသည်တို့ရှိ အမျိုးသမီးကြီးငယ်တို့သည်လည်း သောက်ရေသုံးရေတို့အတွက် ဝေးလံသောအရပ်များသို့ ရေခပ်သွားကာ လေးလံသောရေပုံးကို ခေါင်းပေါ်ရွက်၍သယ်ယူကြရသည်။ လေးဂါလန်ဆန့်ရေတစ်ပုံးသည် ပေါင် ၄၀ ကျော်လေးရာ ယင်းဝန်ကို နွေရောက်တိုင်း နေ့စဉ်ရက်ဆက်ဆိုသလိုသယ်နေရသည့် အမျိုးသမီးနှင့်ကလေးငယ်ပေါင်း ကမ္ဘာပေါ်တွင်သန်းပေါင်းများစွာ ရှိလိမ့်မည်။ တောင်အာဖရိကနိုင်ငံသားနှစ်ဦးတီထွင်ထုတ်လုပ်ထားသော Hippo Water Roller က သူတို့၏ဒုက္ခကို သက်သာရစေလျက်ရှိသည်။…

    Continue reading →: ရေဒလိမ့်တုံး
  • ဒေသတစ်ခု၏ ရေရရှိရေး အခြေအနေကို သိရန်၊ အနာဂတ် ရေရရှိရေး အလားအလာကို ခန့်မှန်း တွက်ချက်ရန် Terrestrial Water Storage (TWS) သည် အရေးပါသော အချက်များအနက် တစ်ခု ဖြစ်သည်။ မြေအောက်ရေ၊ မြေမျက်နှာပြင် အနီးရှိ သစ်မြစ်ဇုန်၊ မြေဆီလွှာ စသည်တို့ရှိရေ၊ သစ်ပင်များထဲရှိ ရေ၊ မြစ်ရေ၊ ကန်ရေ၊ ဆီးနှင်း၊ ရေခဲပြင်၊ ရေခဲမြစ်တို့၏ အစုအပေါင်းသည် Terrestrial Water Storage (TWS) ဖြစ်၍ ယင်းကို “မြေပေါ်မြေအောက်ရေ” ဟု ပြန်ဆိုနိုင်သည်။ ဒေသတစ်ခုရှိ မြေပေါ်မြေအောက်ရေ ပမာဏသည် ယင်းဒေသတွင် ဖြစ်ပေါ်သော ရေကြီးရေလျှံမှု၊ မိုးခေါင်မှုတို့အပေါ် မူတည်၍ အပြောင်းအလဲ…

    Continue reading →: လျော့နည်းလာနေသော မြေပေါ် မြေအောက်ရေ (Terrestrial Water Storage (TWS)) ပမာဏ
  • ဆီးနှင်းကျ ရေခဲအရည်ပျော် မိုးရွာ ရေစီး စသည်တို့ကြောင့် ကမ္ဘာ့ရေထုသည် နေရာတိုင်း အချိန်တိုင်း၌ အစဉ်ရွေ့လျားနေရာ ယင်းရွေ့လျားမှုကြောင့်ဖြစ်ပေါ်သော ကမ္ဘာ့ဒြပ်ဆွဲအားပြောင်းလဲမှုကို ဂရေ့စ်ဂြိုဟ်တုနှစ်လုံး(The Gravity Recovery and Climate Experiment – GRACE)က မှတ်တမ်းတင်ပြီး ဒေသတစ်ခုအတွင်း ရေထုအတိုးအလျော့ကို တွက်ချက်ပုံဖော်ပေးသည်။ ဂရေ့စ်သည် ရေအရင်းအမြစ်များကို တိုက်ရိုက်တိုင်းတာနိုင်သည့် ပထမဆုံးဂြိုဟ်တုများဖြစ်၍ ယင်းတို့မှရသည့်အချက်အလက်များသည် အခြားဂြိုဟ်တုများမှရသည်တို့ထက် ပိုမိုတိကျသည်။ ဂရေ့စ်ဂြိုဟ်တုဖြင့် လေ့လာထားသည့်အောက်ပါပုံအရ အိန္ဒိယ၊ ဘင်္ဂလားဒက်ရှ်၊ မလေးကျွန်းဆွယ်နှင့် မြန်မာတို့တွင် ၂၀၀၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကာလအတွင်း စုစုပေါင်းရေချိုပမာဏသည် ယင်းမတိုင်မီကာလကထက် လျော့နည်းနေကြောင်း သိရသည်။ စုစုပေါင်းရေချိုဆိုသည်မှာ ဆီးနှင်း၊ မြေပေါ်ရေ၊ မြေဆီလွှာအတွင်းရှိရေ၊ မြေအောက်ရေများကိုပေါင်း၍ခေါ်ခြင်းဖြစ်သည်။ အိန္ဒိယနှင့်ဘင်္ဂလားဒက်ရှ်တို့တွင်…

    Continue reading →: ရေချိုပမာဏလျော့နည်းလာခြင်း
  • ThantZin Lynn is with Vum Lun Dal and 13 others. ရေမကြာခဏ လွမ်းတာခံရသလို အနီးအနားက မြစ်ချောင်းကမ်းပါးတွေ ပြိုလို့ ရပ်ရွာတွေပြောင်းရွေ့ရတယ်ဆိုတာ ဖြစ်တတ်တဲ့သဘာဝပါ။ အဲလို ရပ်ရွာထဲမှာ ကလေးမြို့နယ်၊ ဖောင်ကူးချောင်းကမ်းဘေးက မော်လိုက်ကလေးရွာစုလဲ ပါဝင်ပါတယ်။ တောင်ရွာ၊ မြောက်ရွာ ဆိုပြီး ရှိခဲ့ကြတယ်။ ဒုတိယ ကမ္ဘာစစ်မှာ ကျန်ခဲ့တာလို့ အဆိုရှိတဲ့ ဘိလပ်မြေအိတ်လိုက်ခဲနေတဲ့ အတုံးကြီးတွေ ခင်းထားတဲ့ ရွာအဝင်လမ်းဟာ ရွာရဲ့ အမှတ်အသားတခုပေါ့။ ကမ်းပြိုသလို လမ်းမကြီးနဲ့ အကူးအသန်းခက်လို့ ရွာသားအချို့က ကလေးတမူး ကားလမ်းဘေး ကိုပြောင်းရွေ့ပြီး မော်လိုက်ကလေး ရွာသစ်ဆိုပြီး အခြေချနေခဲ့တာ ကြာလှပါပြီ။ ၂၀၁၅ ခုနှစ်…

    Continue reading →: မော်လိုက်ကလေး တောင်ရွာတဖက်ပိတ်ဆည်