Category: Sea Level Rise
-
ပင်လယ်ရေပြင်မြင့်တက်ခြင်း ၂၀၂၄ ခုနှစ် အခြေအနေ
ကမ္ဘာ့ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်သည် နှစ်ပေါင်းသောင်းနှင့် ချီ၍ သိသာသော အတိုးအလျော့ မရှိဘဲ တန့်နေခဲ့ရာမှ ယခုအခါ ကမ္ဘာအနှံ့၌ တအိအိမြင့်တက် လာလျက် ရှိသည်သာမက မြင့်တက်မှုသည် အရှိန် ရလာနေသည်။ ပင်လယ်ရေပြင် မြင့်တက်လာခြင်း၏ အဓိကအကြောင်းမှာ ဂရင်းလန်းကျွန်းနှင့် အန္တာတိကတိုက်တို့ရှိ ရေခဲများ အရည်ပျော်လာနေသောကြောင့် ဖြစ်သည်။ ရေသည် ပူသောအခါ ပွယောင်းလာသည့်အတိုင်း တက်လာနေသော ကမ္ဘာ့လေထုအပူချိန်ကြောင့်လည်း ပင်လယ်ရေပြင် မြင့်လာနေသည်။ အောက်ပါဗီဒီယိုပြကွက်၌ ၁၉၉၃ ခုနှစ်မှစ၍ တရိပ်ရိပ်တက်လာနေသော ပင်လယ်ရေပြင်ကို မြင်နိုင်သည်။ https://www.facebook.com/WorldMeteorologicalOrganization/videos/1053713973369819 ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံတကာ အစိုးရကိုယ်စားပြုပညာရှင်များအဖွဲ့ (အိုင်ပီစီစီ)က ထုတ်ပြန်သော ”ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃ အစီရင်ခံစာ”အရ ကမ္ဘာ့ပျမ်းမျှပင်လယ်ရေပြင်သည် ၁၉၀၁ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်ကြား၌ ဝ ဒသမ ၂၀ မီတာမြင့်တက်ခဲ့သည်။…
-
ပြောင်းလဲနေသော ရေသံသရာကို ရေဖူလုံရေးရှုထောင့်မှလေ့လာခြင်း
ကမ္ဘာပေါ်၌ အရည်၊ အခဲ၊ အငွေ့ အသွင်သုံးမျိုးဖြင့် တည်ရှိနေသည့် ရေများသည် အဓိကအားဖြင့် ငါးနေရာတွင် စုဖွဲ့နေကြသည်။ ယင်းတို့မှာ ပင်လယ် သမုဒ္ဒရာရေများ၊ လေထုတွင်းရှိ ရေငွေ့များ၊ ဆီးနှင်းနှင့် ရေခဲပြင်များ၊ မြေပေါ်ရေနှင့် မြေအောက်ရေများ ဖြစ်ကြသည်။ အထက်ပါအတိုင်း စုဖွဲ့မှုသည် တည်ငြိမ်ခြင်းမရှိဘဲ အမြဲလှုပ်ရှားနေသည်။ ကမ္ဘာပေါ်တွင် လူနှင့်သက်ရှိများ ရှင်သန်ခြင်းသည် ရေရှိခြင်းက အကြောင်းတစ်ခု ဖြစ်သကဲ့သို့ ရေသည် အသွင်သုံးမျိုးဖြင့် လှုပ်ရှားလည်ပတ်ခြင်းကလည်း အခြား အကြောင်းတစ်ခုအနေနှင့် ပါသည်။ လှုပ်ရှားလည်ပတ်ခြင်း ရပ်တန့်သွားခဲ့လျှင် ရေအရင်းအမြစ်များသည် ပြန်လည်ပြည့်တင်းနိုင်ခြင်း မရှိတော့သောကြောင့် လူတို့သည် အနီးရှိ ရေကန်များ၊ ရေသေမြစ်ချောင်းများ၊ မြေအောက်ရေကြောများ အပါအဝင် ပြန်မပြည့်နိုင်သည့် ရေအရင်းအမြစ်များကိုသာ သုံးစွဲရတော့သည့်အတွက် ယင်းတို့အားလုံး တတိတိ လျော့နည်းလာခြင်း၊ ညစ်ညမ်းလာခြင်းတို့ကို ရင်ဆိုင်ရမည်။…
-
ဧရာဝတီတိုင်း၊ ပင်လယ်ဘေးနားက ရေငတ်နေတဲ့ရွာ ‘ဂေါ်ဒူ’
အောင်မျိုးထွဋ် DVB April 3, 2024 “ကျမတို့ဒေသက ရေတွေပေါပြီး သုံးမရတဲ့ ရေငန်တွေဖြစ်နေတာ” ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာမှာ မွေးကတည်းက နေထိုင်လာတဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်မဝင်းဌေးက သူ့ပတ်ပတ်လည်မှာ ဝိုင်းနေတဲ့ ရေတွေကိုကြည့်ပြီး ပြောပါတယ်။ သူငယ်ငယ်တုန်းက ရေချိုအတွက် ခပ်ခဲ့တဲ့ ရွာဘုန်းကြီးကျောင်းဝင်းထဲက လက်ယက်တွင်းတွေလည်း အခုတော့ ပင်လယ်အောက် ရောက်သွားခဲ့ပါပြီ။ “လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်က ရွာမကြီးကနေ သောင်စပ်ကိုသွားဖို့ အဝေးကြီးသွားရတယ်။ အခုတော့ ပင်လယ်ကမ်းစပ်နဲ့ ကပ်နေပြီ၊ ဘယ်နေရာမှလည်း ရေချိုမရတော့ဘူး” ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာလို့ ရွာရဲ့ အရွယ်အစားလည်း သေးလာပြီး ရေချိုလက်ယက်တွင်းတွေ ပင်လယ်အောက်ရောက်ကာ ရှိနေတဲ့ အဝီစိတွင်းရေတချို့လည်း ငန်လာတယ်လို့ ဒေါ်မဝင်းဌေးက ပြောပါတယ်။…
-
ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃
(ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အစိုးရကိုယ်စားပြု ပညာရှင်များအဖွဲ့(အိုင်ပီစီစီ)၏ “ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃” အစီရင်ခံစာပါ အဓိကအချက်များ) ၂၀၁၁ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြား ကမ္ဘာ့မျက်နှာပြင်ပျမ်းမျှအပူချိန်သည် ၁၈၅၀ နှင့် ၁၉၀ဝ ကြား ကာလထက် ၁ ဒသမ ဝ၉ ဒီဂရီ ဆဲလ်စီးယပ်စ် မြင့်တက်ခဲ့သည်။ မြေပြင်အပူချိန်သည် ၁ ဒသမ ၅၉ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့ပြီး သမုဒ္ဒရာရေပြင်သည် ဝ ဒသမ ၈၈ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့သည်။ ၁၈၅၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်ခဲ့သော ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏသည် ဂိုင်ဂါတန် ၂၄၀ဝ ခန့် ဖြစ်သည်။ ယင်းပမာဏ၏ ၅၈ ရာခိုင်နှုန်းသည် ၁၈၅၀ နှင့် ၁၉၈၉…
-
၂၀၂၂ ခုနှစ် ကမ္ဘာ့ရာသီဥတုအခြေအနေ (ကမ္ဘာ့မိုးလေဝသအဖွဲ့)
ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများသည် ၂၀၂၂ ခုနှစ်အတွင်း သမုဒ္ဒရာအနက်ပိုင်းမှသည် တောင်ထိပ်ဖျားများအထိ ရောက်ရှိကာ ဆက်လက်ပြင်းထန်လာနေကြောင်း ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်လိုက်သော ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အစီရင်ခံစာက ဆိုသည်။ မိုးခေါင်မှု ရေကြီးမှုနှင့် အပူလှိုင်းများသည် ကမ္ဘာ့တိုက်ကြီးများအားလုံး၌ ဖြစ်ပေါ်ခဲ့ကာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ လေထု ကာဘွန်ဒိုင်အောက်ဆိုက် ပါဝင်မှုသည် ၂၀၂၁ ခုနှစ်၌ ၄၁၅ ဒသမ ၇ ပီပီအမ် ဖြစ်ရာ စက်မှုခေတ် မတိုင်မီကနှင့် စာလျှင် ၁၄၉ ရာခိုင်နှုန်း တက်လာသည်။ မီသိန်းက ၁၉၀၈ ပီပီဘီ ဖြစ်ပြီး စက်မှုခေတ် အကြိုထက် ၂၆၂ ရာခိုင်နှုန်း တက်ပြီး နိုက်ထရပ်စ်အောက်ဆိုက်က ၃၃၄ ဒသမ ၅ ပီပီဘီ ဖြစ်ကာ စက်မှုခေတ်…
-
ပင်လယ်ရေပြင်မြင့်တက်ခြင်းနှင့် မြန်မာနိုင်ငံ
ကမ္ဘာ့ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်သည် နှစ်ပေါင်းသောင်းနှင့်ချီ၍ သိသာသော အတိုးအလျော့ မရှိဘဲ တန့်နေခဲ့ရာမှ ယခုအခါ ကမ္ဘာအနှံ့၌ တအိအိမြင့်တက်လာလျက်ရှိသည်သာမက မြင့်တက်မှုသည် အရှိန်ရလာနေသည်။ ပင်လယ်ရေပြင် မြင့်တက်လာခြင်း၏ အဓိကအကြောင်းမှာ ကမ္ဘာ့မြောက်ဘက် ဂရင်းလန်းကျွန်းနှင့် တောင်ဘက်စွန်း အန္တာတိကတိုက်တို့ရှိ ရေခဲများ အရည်ပျော်လာနေသောကြောင့် ဖြစ်သည်။ ဟိမဝန္တာ၊ အဲလ်ပ်စသည့် တောင်ထိပ်ရေခဲပြင် အရည်ပျော်မှုများ ရှိသော်လည်း ဂရင်းလန်းကျွန်းနှင့် တောင်ဝင်ရိုးစွန်း ရေခဲအရည်ပျော်မှုကဲ့သို့ ပင်လယ်ရေပြင်မြင့်တက်ရာတွင် အရေးမပါပေ။ ရေသည် ပူသောအခါ ပွယောင်းလာသည့်အတိုင်း တက်လာနေသော ကမ္ဘာ့လေထုအပူချိန်ကြောင့်လည်း ပင်လယ်ရေပြင် မြင့်လာနေသည်။ ပင်လယ်ရေပြင်မြင့်တက်မှုပမာဏ၏ သုံးပုံနှစ်ပုံသည် ရေခဲအရည်ပျော်ခြင်းကြောင့် ဖြစ်ပြီး သုံးပုံတစ်ပုံသည် ရေထုပွယောင်းလာခြင်းကြောင့် ဖြစ်သည်။ အမေရိကန်နိုင်ငံ အမျိုးသားအဏ္ဏဝါနှင့် လေထုလေ့လာရေးအဖွဲ့၏ လေ့လာချက်အရ ကမ္ဘာ့ ပျမ်းမျှ ပင်လယ်ရေ မျက်နှာပြင်သည် ၁၈၈၀…
-
ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်
ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ သို့မဟုတ် ရာသီဥတု ပြောင်းလဲလာခြင်းကို ညွှန်ပြသည့် အခြင်းအရာများ ခုနစ်ခု ရှိသည်၊ ယင်းတို့မှာ – ၁ – လေထုတွင်းရောက် ဖန်လုံအိမ် ဓာတ်ငွေ့ ပမာဏ များပြားလာခြင်း၂ – မြေပြင်အနီးရှိ လေထုအပူချိန် တက်လာခြင်း၃ – ပင်လယ်ရေပြင် မြင့်တက်ခြင်း၄ – သမုဒ္ဒရာ ရေထု၏ အက်စစ်ဓာတ် များပြားလာခြင်း၅ – သမုဒ္ဒရာ ရေထုတွင်း အပူဓာတ် များပြားလာခြင်း၆ – ရေခဲမြစ်၊ ရေခဲပြင်များ အရည်ပျော်ခြင်းနှင့်၇ – အာတိတ်နှင့် အန္တာတိတ် ဒေသ ရေပြင်ပေါ်ရှိ ရေခဲပမာဏ လျော့နည်းလာခြင်းတို့ ဖြစ်ကြသည်။ အထက်ပါ ခုနစ်ခုအနက် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု၊ လေထု အပူချိန်၊…