Category: Floods
-
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ရေဘေးကာကွယ်ရေး တာများ – အေးမြင့်ဆွေ(ဆည်/ရေ)
ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဟူသော ဆိုရိုးကဲ့သို့ပင် မုတ်သုံမိုးညို့ညို့နှင့်အတူ မြန်မာ့မြစ်ချောင်း အင်းအိုင်ရေပြင်တို့သည် ပြည့်လျှံဖွေးဖြူလျက်ရှိကြ၏။ မိုးရာသီသည် သစ်ပင်သီးနှံများ၊ ကောက်စိုက်တေးသံများဖြင့် သာယာသောကာလဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ရေလွှမ်းမိုးမှု ဘေးအန္တရာယ်သည် ဤကာလ၏ အလေးထားရမည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်လျက်ရှိနေပါသည်။ ဇူလိုင်လအစတွင် မြစ်ဖျားပိုင်းမှ အစပြုခဲ့သော ဧရာဝတီမြစ်ရေကြီးမှုသည် ယခုအခါတွင် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အောက်ပိုင်းများသို့ တဖြည်းဖြည်း ပျံ့နှံ့ရောက်ရှိလာလျက် ရှိနေပါသည်။ ရေ၏အကျိုးစီးပွားသည် မကုန်နိုင်များပြားသကဲ့သို့ နူးညံ့ပျော့ပြောင်းသည်ထင်ရသော ရေ၏ အဖျက်စွမ်းအားသည်လည်း လွန်စွာကြီးမားပါသည်။ တွေ့ရှိမှုများအရ အလွန်လျင်မြန်စွာ စီးဆင်းလာသော ရေအနက် ၆ လက်မခန့်သည် လူတစ်ဉီးအား လဲကျမျောပါသွားစေနိုင်သကဲ့သို့ ထိုရေအနက် ၂ ပေခန့်သည် ကားတစ်စီးအား မျောပါသွားစေနိုင်ပါသည်။ ရေကြီးမှုဖြစ်ပွားပါက လူ တိရစ္ဆာန်နှင့် အဆောက်အအုံများ ပျက်စီးခြင်း၊ သီးနှံရိက္ခာများ ပျက်စီးခြင်း၊ လမ်းပန်းဆက်သွယ်ရေး…
-
၂၀၂၃ ခုနှစ် ကမ္ဘာ့ရာသီဥတုအခြေအနေ
ကော်ပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှု လေ့လာရေးဌာန၏ ထုတ်ပြန်ချက် ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း လေ့လာရေး အချက်အလက်များအားလုံး (JRA-3Q, Berkeley Earth, GISTEMPv4, HadCRUT5 and NOAAGlobalTempv5) က ၂၀၂၃ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၅၀-၁၉၀ဝ အတွင်း ပျမ်းမျှအပူချိန်နှင့်စာလျှင် ၁ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်စ်နှင့် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ကြား မြင့်တက်ခဲ့ကြောင်း ပြသသည်။ ၂၀၂၃ ခုနှစ်၏ ရက်များအနက် ထက်ဝက်နီးပါးသည် ၁၈၅၀-၁၉၀ဝ အတွင်း ပျမ်းမျှအပူချိန်နှင့်စာလျှင် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုမိုမြင့်မားခဲ့သည်။ လျှပ်တပြက်ရေကြီးခြင်း၊ မိုးသည်းထန်ခြင်း၊ အပူပိုင်းမုန်တိုင်းများ၊ လေဖိအားနည်း ရပ်ဝန်းများကြောင့် ထိခိုက်ပျက်စီးမှု များပြားသော ရေကြီးရေလျှံခြင်းများ ပေါ်ပေါက်ခဲ့သည်။…
-
မြန်မာနိုင်ငံ ရေကြီးရေလျှံမှု အန္တရာယ်များနှင့် ယင်းတို့ကို လျော့ပါးသက်သာစေနိုင်သည့် နည်းလမ်းများ
ရေကြီးရေလျှံခြင်း သို့မဟုတ် ရေလွှမ်းမိုးခြင်း ဆိုသည်မှာ ပုံမှန်အချိန်၌ ခြောက်သွေ့နေသည့် မြေပြင်ပေါ်သို့ မြစ် သို့မဟုတ် မိုးရေ၊ ဆီးနှင်း၊ ရေခဲကဲ့သို့သော ဇာစ်မြစ်တစ်ခုခုမှ ရေများရောက်ရှိလာကာ အချိန်ကာလတစ်ခုအထိ လွှမ်းမိုးဖုံးအုပ်နေခြင်းဟု ဖွင့်ဆိုသည်။ ရေကြီးရေလျှံခြင်း၏ အကြောင်းရင်းများမှာ မိုးသည်းထန်စွာ သုံးရက်နှင့်အထက် ဆက်တိုက်ရွာသွန်းခြင်း၊ မြစ်ချောင်းများနှင့်ရေထုတ်စနစ်များ အနည်ထိုင် ပိတ်ဆို့ခြင်း၊ ဒီရေတောစသည့် ရေနှင့်ဆက်စပ်သော သဘာဝအခြင်းအရာများ အရည်အသွေး ကျဆင်းခြင်းနှင့် လျော့နည်းပျောက်ကွယ်ခြင်း၊ မိုးသည်းထန်ချိန်နှင့် ရေထရက် ဆုံစည်းမိခြင်း၊ မုန်တိုင်းဒီရေတက်ခြင်း၊ ဆူနာမီရေလှိုင်း ဖြစ်ပေါ်ခြင်းတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ရေကြီးမှုအန္တရာယ်များကို တစ်နှစ်လျှင် သုံးကြိမ်ခန့်အထိ အများဆုံးကြုံတွေ့ရလေ့ရှိသည်။ နှစ်စဉ်မိုးတွင်းကာလ ဇွန်၊ ဇူလိုင်၊ သြဂုတ်လနှင့် မိုးနှောင်းပိုင်း စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ဖြစ်လေ့ရှိကာ မိုးအများဆုံး ရွာသွန်းသော သြဂုတ်တွင် အဆိုးရွားဆုံး…
-
၂၀၂၃ အောက်တိုဘာလ ပဲခူးရေကြီးမှု
၂၀၂၃ အောက်တိုဘာလက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ နှစ်ပေါင်း ၆၀ ခန့်အတွင်း အဆိုးရွားဆုံးဟု ဆိုနိုင်သော ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ ပဲခူးမြို့ပေါ် ရပ်ကွက်အများစုတွင် လူတစ်ရပ်နှင့်အထက် ရေမြုပ်ခဲ့ကာ အချို့နေရာများ၌ အိမ်ခေါင်မိုးအထိ မြုပ်ခဲ့သည်။ ပုံမှန်ရေကြီးလေ့မရှိသည့် မှော်ကန်၊ ဆိုရှယ်လစ်၊ ပုဏ္ဏားစုနှင့် သွန်းဘုရားဝန်းရပ်ကွက်များအထိ ရေပြင်မြင့်တက်ခဲ့ပြီး တစ်ထပ်အိမ်အားလုံး ရေနစ်မြုပ်လုဖြစ်သည်အထိ ဆိုးရွားခဲ့သည်။ ပဲခူးနှင့်ဆက်နေသော အမြန်လမ်း ၃၉ မိုင်တွင်လည်း အောက်တိုဘာလ ၈ ရက်နေ့က လမ်းမပေါ်ကို ရေကျော်ခဲ့သည်။ ၂၀၂၃ ခုနှစ် ပဲခူးရေကြီးသည့် အကြောင်းရင်းများအနက်တစ်ခုမှာ မိုးသည်းထန်မှု ဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ရွာခဲ့သော မိုးရေချိန် ၇ ဒသမ ၈၇ လက်မသည် ပဲခူးမြို့အတွက် လွန်ခဲ့သော…
-
၂၀၂၂ ခုနှစ် ကမ္ဘာ့ရာသီဥတုအခြေအနေ (ကမ္ဘာ့မိုးလေဝသအဖွဲ့)
ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများသည် ၂၀၂၂ ခုနှစ်အတွင်း သမုဒ္ဒရာအနက်ပိုင်းမှသည် တောင်ထိပ်ဖျားများအထိ ရောက်ရှိကာ ဆက်လက်ပြင်းထန်လာနေကြောင်း ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်လိုက်သော ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အစီရင်ခံစာက ဆိုသည်။ မိုးခေါင်မှု ရေကြီးမှုနှင့် အပူလှိုင်းများသည် ကမ္ဘာ့တိုက်ကြီးများအားလုံး၌ ဖြစ်ပေါ်ခဲ့ကာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ လေထု ကာဘွန်ဒိုင်အောက်ဆိုက် ပါဝင်မှုသည် ၂၀၂၁ ခုနှစ်၌ ၄၁၅ ဒသမ ၇ ပီပီအမ် ဖြစ်ရာ စက်မှုခေတ် မတိုင်မီကနှင့် စာလျှင် ၁၄၉ ရာခိုင်နှုန်း တက်လာသည်။ မီသိန်းက ၁၉၀၈ ပီပီဘီ ဖြစ်ပြီး စက်မှုခေတ် အကြိုထက် ၂၆၂ ရာခိုင်နှုန်း တက်ပြီး နိုက်ထရပ်စ်အောက်ဆိုက်က ၃၃၄ ဒသမ ၅ ပီပီဘီ ဖြစ်ကာ စက်မှုခေတ်…
-
ရာသီဥတု ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ
မြန်မာနိုင်ငံရှိ မိုးလေ၀သစခန်း ၃၅ ခု၏ မှတ်တမ်းများအရ ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်ပြည်လုံး အတိုင်းအတာဖြင့် မိုးရေချိန်နှင့် အပူချိန် သိသိသာသာ တိုးလာခဲ့သည်။ ၁၉၈၁ မှ ၂၀၂၀ အထိ၊ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးအပူချိန်သည် ၁ . ၁ ဒီဂရီ စင်တီဂရိတ်ခန့် တိုးလာပြီး တစ်နှစ်တာ မိုးရေချိန်သည် ၁၅၇ . ၇ မီလီမီတာခန့် များလာသည်။ မိုးရွာသွန်းမှု မိုးရေချိန် တိုးလာသည် ဆိုရာ၌ ပျံ့ပျံ့နှံ့နှံ့နှင့် ရွာသွန်းခြင်း မဟုတ်ဘဲ အချိန်အခါမဟုတ် ရွာသွန်းခြင်း၊ တစ်နေရာတည်းတွင် မိုးအလွန် သည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ရွာသွန်းမြဲထက် ကျော်လွန်ခြင်း ဖြစ်သည်။ ထို့ကြောင့် အချို့ဒေသများတွင် မိုးပိုရသော်လည်း…
-
ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်
ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ သို့မဟုတ် ရာသီဥတု ပြောင်းလဲလာခြင်းကို ညွှန်ပြသည့် အခြင်းအရာများ ခုနစ်ခု ရှိသည်၊ ယင်းတို့မှာ – ၁ – လေထုတွင်းရောက် ဖန်လုံအိမ် ဓာတ်ငွေ့ ပမာဏ များပြားလာခြင်း၂ – မြေပြင်အနီးရှိ လေထုအပူချိန် တက်လာခြင်း၃ – ပင်လယ်ရေပြင် မြင့်တက်ခြင်း၄ – သမုဒ္ဒရာ ရေထု၏ အက်စစ်ဓာတ် များပြားလာခြင်း၅ – သမုဒ္ဒရာ ရေထုတွင်း အပူဓာတ် များပြားလာခြင်း၆ – ရေခဲမြစ်၊ ရေခဲပြင်များ အရည်ပျော်ခြင်းနှင့်၇ – အာတိတ်နှင့် အန္တာတိတ် ဒေသ ရေပြင်ပေါ်ရှိ ရေခဲပမာဏ လျော့နည်းလာခြင်းတို့ ဖြစ်ကြသည်။ အထက်ပါ ခုနစ်ခုအနက် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု၊ လေထု အပူချိန်၊…