Category: Climate Change
-
ဧရာဝတီမြစ်ဖျားခံရာဒေသရှိ အရည်ပျော်နေသောရေခဲမြစ်များနှင့် ယင်းဖြစ်စဉ်၏ သက်ရောက်မှုများ

ကမ္ဘာပေါ်၌ ရေခဲထုအများဆုံးနေရာသည် တောင်ဝင်ရိုးစွန်း အန္တာတိကတိုက်ဖြစ်ပြီး ရေခဲထု ကုဗကီလိုမီတာ သန်း ၃၀ မျှ ရှိသည်။ မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင်မူ ရေခဲထု ကုဗကီလိုမီတာ ၈၀၀၀ ခန့်ရှိသည်။ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်တည်ရှိရာ ဟိမဝန္တာဒေသအပါအဝင် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ(Hindu Kush Himalayas (HKH)) တောင်တန်းများပေါ်ရှိ ရေခဲထုသည် ကုဗကီလိုမီတာ ၇၆၀၀ ခန့်ရှိသဖြင့် ယင်းဒေသကို တတိယဝင်ရိုးစွန်းဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ တောင်နှင့်မြောက်ဝင်ရိုးစွန်းများရှိ ရေခဲသည် သောက်သုံးရေအတွက် တိုက်ရိုက်အသုံးမဝင်သော်လည်း ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းများပေါ်ရှိ ရေခဲထုမှ ပျော်ဆင်းလာသောရေများသည်မူ အာရှတိုက်ရှိ မြစ်ကြီးဆယ်စင်းထဲသို့ စီးဝင်ကာ အဆိုပါမြစ်တို့ ဖြတ်သန်းစီးဆင်းသော နိုင်ငံ ၁၆ နိုင်ငံနေ လူသန်းပေါင်း ၁၇၇၀ ကို သောက်သုံးရေပေးဝေလျက် ရှိသည်။ ယင်းမြစ်ဆယ်စင်းမှာ တာရင်(Tarim)၊ အမူဒါရိယာ(Amu…
-
ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များ ထိန်းသိမ်းစို့ (အေးမြင့်ဆွေ (ဆည်/ရေ))
အေးမြမြနွေလေညင်းများ၊ ရွှေအိုရောင်ရွက်ဝါကြွေများနှင့် ဉဩတေးသီသံချိုချိုများ ကြားတွင် မတ်လ ၂၂ ရက်နေ့၊ ကမ္ဘာ့ရေနေ့( World Water Day) သည် တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပြန်ပြီဖြစ်သည်။ ဤမြေကမ္ဘာ၏ ဇီဝအမြုတေဖြစ်သော ရေသယံဇာတ အရင်းအမြစ်များအား ကမ္ဘာသူ ကမ္ဘာသားအားလုံး ထိန်းသိမ်း စောင့်ရှောက်ပေးကြရန် ရည်ရွယ်၍ ကမ္ဘာ့ကုလသမဂ္ဂ၏ ဉီးဆောင်မှုဖြင့် ကမ္ဘာ့ရေနေ့အား ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် ကျင်းပကြလေ့ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေနေ့ဆောင်ပုဒ် ၂၀၂၅ခုနှစ်အတွက် ကမ္ဘာ့ရေနေ့ဆောင်ပုဒ်(Theme)မှာ“ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” (Glacier Conservation)ဖြစ်ပါသည်။ ရေအရင်းအမြစ်ထိန်းသိမ်းမှု အတွက် အများစု သတိမထားမိခဲ့ကြသော ရေခဲမြစ်များအား အထူးသတိပြု အာရုံစိုက်မိစေသောကြောင့် အလွန်ထူးခြားပါသည်။ ကုလသမဂ္ဂ၏ UNESCO World Water Development Programme မှ ကမ္ဘာ့ရေနေ့အတွက် ကမ္ဘာ့ရေဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ…
-
ကမ္ဘာ့လျှပ်စစ်ထုတ်လုပ်မှုအရင်းအမြစ်များ ၂၀၂၄ ခုနှစ်
ရာသီဥတုပြောင်းလဲအောင် လုပ်ဆောင်ရာတွင် စွမ်းအင်သုံးစွဲခြင်းက အဓိကကျသည်။ စွမ်းအင်သုံးစွဲသော ကဏ္ဍသုံးမျိုးမှာ လျှပ်စစ်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် အပူအအေးပေးခြင်းတို့ ဖြစ်ကြသည်။ ယနေ့ကမ္ဘာတွင် လျှပ်စစ်ထုတ်လုပ်ရာ၌ ကျောက်မီးသွေးကို အများဆုံးသုံးကြပြီး သဘာဝဓာတ်ငွေ့ကို ဒုတိယအများဆုံး သုံးသည်။ ကမ္ဘာ့လျှပ်စစ်ထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံကို ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တို့မှ ရရှိပြီး သုံးပုံတစ်ပုံကို ကာဘွန်အထွက်နည်းသော အရင်းအမြစ်များ ဖြစ်ကြသည့် ရေအား၊ နျူးကလီးယား၊ ဆိုလာနှင့် လေအားတို့မှ ရရှိသည်။ အရင်းအမြစ်များအလိုက် ကမ္ဘာ့လျှပ်စစ်ထုတ်လုပ်မှုပမာဏ ၂၀၂၄ ခုနှစ် ကျောက်မီးသွေး ၁၀၅၈၇ တယ်ရာဝပ်-နာရီ (TWh) သဘာဝဓာတ်ငွေ့ ၆၇၉၆ တယ်ရာဝပ်-နာရီ ရေအား ၄၄၁၉ တယ်ရာဝပ်-နာရီ နျူကလီးယား ၂၇၆၅ တယ်ရာဝပ်-နာရီ လေအား ၂၄၉၇ တယ်ရာဝပ်-နာရီ ဆိုလာ ၂၁၃၀ တယ်ရာဝပ်-နာရီ ကာဘွန်အထွက်နည်းသော…
-
ပင်လယ်ရေပြင်မြင့်တက်ခြင်း ၂၀၂၄ ခုနှစ် အခြေအနေ
ကမ္ဘာ့ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်သည် နှစ်ပေါင်းသောင်းနှင့် ချီ၍ သိသာသော အတိုးအလျော့ မရှိဘဲ တန့်နေခဲ့ရာမှ ယခုအခါ ကမ္ဘာအနှံ့၌ တအိအိမြင့်တက် လာလျက် ရှိသည်သာမက မြင့်တက်မှုသည် အရှိန် ရလာနေသည်။ ပင်လယ်ရေပြင် မြင့်တက်လာခြင်း၏ အဓိကအကြောင်းမှာ ဂရင်းလန်းကျွန်းနှင့် အန္တာတိကတိုက်တို့ရှိ ရေခဲများ အရည်ပျော်လာနေသောကြောင့် ဖြစ်သည်။ ရေသည် ပူသောအခါ ပွယောင်းလာသည့်အတိုင်း တက်လာနေသော ကမ္ဘာ့လေထုအပူချိန်ကြောင့်လည်း ပင်လယ်ရေပြင် မြင့်လာနေသည်။ အောက်ပါဗီဒီယိုပြကွက်၌ ၁၉၉၃ ခုနှစ်မှစ၍ တရိပ်ရိပ်တက်လာနေသော ပင်လယ်ရေပြင်ကို မြင်နိုင်သည်။ https://www.facebook.com/WorldMeteorologicalOrganization/videos/1053713973369819 ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံတကာ အစိုးရကိုယ်စားပြုပညာရှင်များအဖွဲ့ (အိုင်ပီစီစီ)က ထုတ်ပြန်သော ”ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃ အစီရင်ခံစာ”အရ ကမ္ဘာ့ပျမ်းမျှပင်လယ်ရေပြင်သည် ၁၉၀၁ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်ကြား၌ ဝ ဒသမ ၂၀ မီတာမြင့်တက်ခဲ့သည်။…
-
ဂရင်းလန်းကျွန်း
ဂရင်းလန်း(Greenland)ကျွန်းသည် ဒိန်းမတ်နိုင်ငံ ပိုင်ဆိုင်သောနယ်မြေ ဖြစ်သော်လည်း သီးခြားအစိုးရရှိသည်။ ၂ . ၁၆ စတုရန်းကီလိုမီတာ(စတုရန်းမိုင် ၈၃၆၀၀၀)ကျယ်ပြီး ကမ္ဘာ့အကြီးဆုံးကျွန်း ဖြစ်သည်။ လူဦးရေ ၅၀၀၀၀ ကျော် နေထိုင်သည်။ အပေါ်ပုံ၏ အလယ်ဘက် တြိဂံပုံကုန်းမြေသည် ဂရင်းလန်းကျွန်းဖြစ်ပြီး ဂရင်းလန်းကျွန်း၏ထိပ်ရှိ အဖြူကွက်သည် အာတိတ်ရေခဲပြင် ဖြစ်သည်။ ပုံအောက်ဘက်တွင် ကနေဒါ၊ အပေါ်ဘက်တွင် ရုရှားနှင့် ဥရောပမြောက်ပိုင်းတို့ကို တွေ့နိုင်သည်။ ဂရင်းလန်းကျွန်း၏မြို့များတွင် မြို့တွင်း၌သာ ကားလမ်းရှိပြီး မြို့တစ်မြို့နှင့်ဆက်သွယ်သော ကားလမ်း ရထားလမ်းမရှိသဖြင့် လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘောစသည်တို့ဖြင့်သာ ဆက်သွယ်သွားလာရသည်။ ကားလမ်း ရထားလမ်းမရှိခြင်းမှာ ကျွန်းမျက်နှာပြင်၏ ၈၀ ရာခိုင်နှုန်းကို လေးကီလိုမီတာအထိထူသော ရေခဲပြင်က ဖုံးအုပ်ထားသောကြောင့် ဖြစ်သည်။ ဂရင်းလန်းရေခဲပြင်ကျယ်သည် စတုရန်း ကီလိုမီတာ ၁ ဒသမ ၇…
-
ရာသီဥတုပြောင်းလဲခြင်းဖတ်စာ
လွန်ခဲ့သည့် နှစ်တစ်ရာကျော်ခန့်ကစ၍ တက်လာခဲ့သော ကမ္ဘာ့အပူချိန်သည် လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ကျော်ခန့်မှ စ၍ သိသာစွာ မြင့်တက်လာခဲ့သည် (အပေါ်ပုံ)။ ယင်းသို့ မြင့်တက်လာခြင်းသည် လွန်ခဲ့သော နှစ်ပေါင်းသုံးရာဝန်းကျင်ခန့်က ကျောက်မီးသွေး အစရှိသော လောင်စာများဖြင့် စက်ကိရိယာများကို မောင်းနှင်ရာမှ ထွက်လာသည့် ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ဖြစ်သည်။ ကမ္ဘာ့အပူချိန်တက်ကာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဘေးမျိုးစုံ စတင်ကြုံတွေ့နေကြရပြီ။ ဆက်လက်မြင့်တက်ပါက ပို၍ကြီးမားပြင်းထန်သော ဘေးအန္တရာယ်များ ကျရောက်မည်၊ မြို့ကြီးမြို့ငယ်များ ထိခိုက် ပျက်စီးမည်၊ ရေနှင့် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်မည်၊ ရောဂါဘယ ထူပြောမည်။ ကမ္ဘာကြီး ပူနွေးလာနေမှန်း၊ ယင်းသို့ ပူနွေးလာနေခြင်းသည် လူတို့ကြောင့် ဖြစ်မှန်း မည်သို့သိကြသနည်း။ ယင်းသို့ ပြောဆိုနေခြင်းသည် အထောက်အထား မည်မျှခိုင်လုံသနည်း။ မည်သို့သော ဘေးအန္တရာယ်များ ကျရောက်မည်နည်း။ ယင်းဘေးအန္တရာယ်များ လျော့နည်းအောင်…
-
ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း ၉)
အန္တရာယ်ဇုန်အတွင်းသို့ခြေချမိခြင်း ကမ္ဘာ့ပျမ်းမျှအပူချိန်သည် တစ်ဒီဂရီ၏ အစိတ်အပိုင်းတစ်ခုမျှ တက်လျှင်ပင် ရာသီဥတုစနစ်ကို ထိခိုက်မှု အနည်းအကျဉ်း ရှိသည်။ အပူချိန်ယင်းမျှတက်နေခြင်းသည် တစ်နှစ် နှစ်နှစ် သုံးလေးနှစ်ဆိုလျှင် မသိသာလှသော်လည်း နှစ်ပေါင်းရာချီသော ကာလအတွင်း နည်းနည်းချင်းစီ တက်ခဲ့ရာမှ ဖြစ်ပေါ်သည့် ထိခိုက်မှုများသည် တအိအိနှင့် စုပုံများပြားလာခဲ့သောကြောင့် ယခုအခါ ပြင်းထန်သောအပူလှိုင်း၊ အားကောင်းသောမုန်တိုင်း၊ ဆိုးရွားသောရေကြီးမှု၊ မကြုံစဖူးကြီးမားသော တောမီးစသည်တို့ကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ အစွန်းရောက်ရာသီဥတုဘေးများ ဖြစ်ပေါ်မည်မှန်း သိရှိခဲ့ကြသော်လည်း လက်တွေ့တွင် အပူချိန် မတက်အောင် ထိန်း၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်နေသဖြင့် တက်မည့်အပူချိန်ပမာဏကိုသာ ကန့်သတ်ရန် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ပြင်သစ်နိုင်ငံ ပါရီမြို့၌ သဘောတူညီခဲ့ကြသည်။ ဆက်တက်မည့် ကမ္ဘာ့အပူချိန်သည် စက်မှုခေတ်ဦးကာလ အပူချိန်နှင့် နှိုင်းယှဉ်လျှင် ၂ ဒီဂရီ…