ရာသီဥတုပြောင်းလဲခြင်းဖတ်စာ

လွန်ခဲ့သည့် နှစ်တစ်ရာကျော်ခန့်ကစ၍ တက်လာခဲ့သော ကမ္ဘာ့အပူချိန်သည် လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ကျော်ခန့်မှ စ၍ သိသာစွာ မြင့်တက်လာခဲ့သည် (အပေါ်ပုံ)။ ယင်းသို့ မြင့်တက်လာခြင်းသည် လွန်ခဲ့သော နှစ်ပေါင်းသုံးရာဝန်းကျင်ခန့်က ကျောက်မီးသွေး အစရှိသော လောင်စာများဖြင့် စက်ကိရိယာများကို မောင်းနှင်ရာမှ ထွက်လာသည့် ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ဖြစ်သည်။ ကမ္ဘာ့အပူချိန်တက်ကာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဘေးမျိုးစုံ စတင်ကြုံတွေ့နေကြရပြီ။ ဆက်လက်မြင့်တက်ပါက ပို၍ကြီးမားပြင်းထန်သော ဘေးအန္တရာယ်များ ကျရောက်မည်၊ မြို့ကြီးမြို့ငယ်များ ထိခိုက် ပျက်စီးမည်၊ ရေနှင့် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်မည်၊ ရောဂါဘယ ထူပြောမည်။

ကမ္ဘာကြီး ပူနွေးလာနေမှန်း၊ ယင်းသို့ ပူနွေးလာနေခြင်းသည် လူတို့ကြောင့် ဖြစ်မှန်း မည်သို့သိကြသနည်း။

ယင်းသို့ ပြောဆိုနေခြင်းသည် အထောက်အထား မည်မျှခိုင်လုံသနည်း။

မည်သို့သော ဘေးအန္တရာယ်များ ကျရောက်မည်နည်း။

ယင်းဘေးအန္တရာယ်များ လျော့နည်းအောင် မည်သို့ လုပ်ဆောင်ကြမည်နည်း။

အောက်ပါအခန်းများတွင် ဆက်လက်လေ့လာရန် ဆိုင်ရာခေါင်းစဉ်များကို နှိပ်ပါ။

အခန်း ၁။ ရာသီဥတုသိပ္ပံပညာ၏သမိုင်းအကျဉ်း

အခန်း ၂။ ဖန်လုံအိမ်အာနိသင်

အခန်း ၃။ ကမ္ဘာ့ပျမ်းမျှအပူချိန်ကိုတိုင်းတာခြင်း

အခန်း ၄။ အေးနေသင့်သော်လည်း ပူလာသောကမ္ဘာ

အခန်း ၅။ အပူချိန်တက်လာခြင်းအကြောင်းရင်း

အခန်း ၆။ အနာဂတ်ရာသီဥတုကိုခန့်မှန်းခြင်း

အခန်း ၇။ ဘေးအန္တရာယ်အသွယ်သွယ်

အခန်း ၈။ ရာသီဥတုဘေးမှ သက်သာရာရစေရန်

အခန်း ၉။ အန္တရာယ်ဇုန်အတွင်းသို့ခြေချမိခြင်း

Leave a comment