
အမေရိကန်နိုင်ငံ၏ အကြီးဆုံးသောရေအောင်းလွှာဖြစ်သည့် အိုဂလ်လလာရေအောင်းလွှာသည် ၁၇၄၀ဝ၀ စတုရန်းပေ ကျယ်ဝန်းသည်။ တောင်ဒါကိုတာ၊ ဝမ်အမင်း၊ နီဘရာစကာ၊ ကော်ရိုရာဒို၊ ကန်ဆက်၊ နယူးမက်စီကို၊ အုပ်ကလာဟိုးမားနှင့် တက်ဆက်ပြည်နယ်၊ ပေါင်း ၈ ပြည်နယ်အောက်တွင် ဖြစ်တည်နေပြီး ထို ၈ ပြည်နယ်၏ ရေအရင်းအမြစ်ဖြစ်သည်၊ ၁၈၉၈ ခုနှစ်တွင် ဘူမိဗေဒပညာရှင် အင်အိပ်ချ်ဒါတွန်က ရေအောင်းလွှာအနီးရှိ အိုဂယ်လလမြို့ကို အစွဲပြု အမည်ပေးထားခြင်း ဖြစ်သည်။
ကုနု်းမြင့်ဒေသတွင် ဖြစ်တည်နေသည့် ရေနေတိမ်သော ယင်းရေအောင်းလွှာသည် နှစ်သန်းပေါင်း ၂ သန်းမှ ၆ သန်းရှိ နှောင်းပိုင်း မိုင်ယိုစင်းမှ အစောပိုင်းသက်တမ်းရှိ အနည်ကျကျောက်လွှာတွင် ပါဝင်သည့် သဲ၊ ရွှံ့ဆန်သဲ၊ ရွှံ့၊ ကျောက်စရစ်မျိုးစုံ ပါဝင်ဖွဲ့စည်းထားသည်။ ထိုအနည်ကျကျောက်လွှာကို အိုဂလ်လလာဂရုပ်(သို့)ဖော်မေးရှင်းဟု အမည်ပေးထားသည်။ တောင်ဘက်အရပ်ဒေသရှိ ရော့ကီးတောင်တန်းမှ တိုက်စားပို့ချထားသော မြစ်ဝှန်းအနည်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။
မြေအောက်ရေအောင်းသဲလွှာသည် အနည်းဆုံးပေ ၁၀ဝ၀ ထူပြီး အပူချိန်မှာ မြောက်ဘက်ပိုင်းတွင် ၄၄ ဒီဂရီ ဖရင်ဟိုက်ဖြစ်ပြီး အနောက်ဘက်ခြမ်းတွင် ၈၀ ဒီဂရီဖရင်ဟိုက်အထိ ရှိသည်။
မြေအောက်ရေကို ကုန်းမြင့်ဒေသတွင် ရွာသွန်းသော မိုးရေက ဖြည့်တင်းပေးသည်။ အိုဂလ်လလာ ရေအောင်းလွှာ၏ ရေသိုလှောင်နိုင်မှုပမာဏသည် ၁၉၅၀ ခုနှစ်မတိုင်ခင်က ၃၁၇၈၀ဝဝဝ၀ဝ ဧကပေ (တစ်ဧကပေ = ၄၃၅၆၀ ကုဗပေ) ရှိခဲ့သည်။ ၂၀ဝ၅ ခုနှစ်တွင် ၂၉၂၅၀ဝဝဝ၀ဝ ဧကပေသာ ရှိတော့ကြောင်း အမေရိကန် ဘူမိဗေဒစူးစမ်းလေ့လာရေးအဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။ ၅၅ နှစ်အတွင်း ရေသိုလှောင်မှု ၉ ရာခိုင်နှုန်းလျော့ကျသွားသည်ဟု ဆိုရမည်။ ၁၉၃၀ ခုနှစ်ကစ၍ မြေအောက်ရေ အမြောက်အများ ထုတ်ယူလာသဖြင့် ထုတ်ယူသုံးသည့် မြေအောက်ရေ ပမာဏနှင့် ပြန်လည်ဖြည့်တင်း ရေပမာဏတို့ မမျှသည့်အခြေအနေတွင် ရေမျက်နှာပြင် နိမ့်ကျလာသည်။ တောင်ဘက်ပိုင်းနှင့် အလယ်ပိုင်းတို့၏ ရေအောင်းလွှာသည် ပေ ၁၅၀ အထိ လျော့ကျလာသည်။ သို့သော် အချို့နေရာများတွင် ဇလဘူမိဒေဆိုင်ရာ ဂုဏ်သတ္တိများ မတူညီသည့်အပြင် မြေအောက်ရေ ဖြည့်တင်းရာ ရပ်ဝန်းနှင့်နီးသဖြင့် မြေအောက်ရေမျက်နှာပြင် ပြန်လည်မြင့်တက်လာသည်လည်း ရှိသည်။
၁၉၄၀ ခုနှစ်က ယနေ့အထိ စက်ရေတွင်းပေါင်း ၂၀ဝဝဝ၀ ကျော်မှ စိုက်ပျိုးရေအတွက် စုတ်ယူနေသည်။အဆိုပါ မြေအောက်ရေအောင်းလွှာမှ ၉၀ ရာခိုင်နှုန်းသောရေကို စိုက်ပျိုးရေအတွက် အသုံးပြုကြပြီး ပြည်
နယ် ၈ ပြည်နယ်မှ လူဦးရေ ၁ ” ၉၀ သန်းကို သောက်သုံးရေပေးဝေသည်။ ဤသို့ အလွန်အကျွံ ထုတ်ယူနေပါက ၂၀၂၈-၃၀ ခုနှစ်တွင် ကုန်ခမ်းသွားနိုင်ကြောင်း၊ နဂိုမူလအခြေအနေအတိုင်း မြေအောက်ရေ ပြန်လည်ဖြစ်တည်နေဖို့ နှစ်ပေါင်း ၆၀ဝ၀ စောင့်ရမည်ဖြစ်ကြောင်း သတိပေးထားသည်။
ရေအောင်းလွှာသည် ရေလက်ခံနိုင်သည့် အခြေအနေရှိသော်လည်း အမေရိကန် ပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ၏ ၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်နေ့က မှတ်ချက်ပြုထားသော သောက်သုံးရေသတ်မှတ်ချက် အဆင့်ကို မမီပေ။ မြေအောက်ရေကို ညစ်ညမ်းစေသည့် ဓာတ်များ စိမ့်ဝင်နေသည့် လက္ခဏာ တွေ့နေရသောကြောင့် ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာများ ပျော်ဝင်နေသည့် စွန့်ပစ်ရေဆိုးများ စိမ့်ဝင်နေကြောင်း လေ့လာသိထားသည်။ ယခုအခါ သက်တမ်းနှစ်တစ်ရာ နီးပါးရှိလာသော ရေအောင်းလွှာ၏ ရေအရည်အသွေးနှင့် ရေထုတ်ယူနိုင်သည့် ပမာဏသည် လျော့ကျနေ၏။
ကျမ်းကိုး၊ ။အမေရိကန်စူးစမ်းလေ့လာရေးအဖွဲ့၏ အင်တာနက်စာမျက်နှာ။