ရန်ကုန်မြို့တော် ရေပေးရေးဆိုင်ရာ အချက်အလက်အချို့

ရန်ကုန်ရေပေးရေးသမိုင်း

စတင်သည့်ခုနှစ်အရင်းအမြစ်
၁၈၄၂ရေတွင်းကြီး ၃၀
၁၈၇၉ကန်တော်ကြီးကန်
၁၈၈၄အင်းလျားကန်
၁၉၀၄လှော်ကားရေလှောင်ကန်
၁၉၄၀ဂျိုးဖြူရေလှောင်ကန်
၁၉၉၂ဖူးကြီးရေလှောင်ကန်
၂၀၀၅ငမိုးရိပ်ရေသန့်စင်စက်ရုံ(ပထမဆင့်)
၂၀၁၄ငမိုးရိပ်ရေသန့်စင်စက်ရုံ(ဒုတိယအဆင့်)

ဆက်စပ်ဖတ်ရှုရန် နှစ်တစ်ရာကျော်က ရန်ကုန်ရေပေးရေးနှင့် မိလ္လာစွန့်စနစ်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ၊ ငမိုးရိပ် ရေလှောင်ကန်များနှင့် အဝီစိတွင်းများမှ နေ့စဉ် ရေဂါလန် ၂၀၅ သန်း ပေးဝေလျက်ရှိသည်။ ပေးဝေပမာဏ၏ ၉၀ ရာခိုင်နှုန်းသည် မြေပေါ်ရေဖြစ်ပြီး ကျန် ၁၀ %သည် မြေအောက်ရေ ဖြစ်သည်။ ရေဖြန့်ဝေပေးရာ၌ အိမ်သုံးရေတစ်ယူနစ်လျှင် ငွေကျပ် ၈၈ ကောက်ခံပြီး စီးပွားရေးသုံးအတွက် ရေမီတာတစ်ယူနစ်လျှင် ငွေကျပ် ၁၂၀ ကောက်ခံသည်။ (တစ်ယူနစ် = ဂါလန် ၂၂၀) မြို့တော်နေလူဦးရေ၏ ၄၅ ရာခိုင်နှုန်းအတွက် ရေပေးဝေနေသည်။

ပင်မရေလှောင်ကန်များ

လှော်ကားဂျိုးဖြူဖူးကြီးငမိုးရိပ်
စတင်တည်ဆောက်၁၉၀၀ ၁၉၃၆၁၉၇၃၁၉၉၂
ပြီးစီး၁၉၀၄၁၉၄၀၁၉၈၈၁၉၉၅
ရေဝေရေလဲဧရိယာ၁၀.၅ စတုရန်းမိုင်၁၂.၇ စတုရန်းမိုင်၂၇.၂၇ စတုရန်းမိုင်၁၆၀ စတုရန်းမိုင်
ရေပြင်ဧရိယာ(ရေပြည့်)၄.၄ စတုရန်းမိုင်၂.၈ စတုရန်းမိုင်၆.၈ စတုရန်းမိုင်၁၇.၁၉ စတုရန်းမိုင်
ရေသိုလှောင်ပမာဏ၁၂၀၀၀ ဂါလန်(သန်း)၁၆၆၀၀ ဂါလန်(သန်း)၂၃၀၀၀ ဂါလန်(သန်း)၄၈၇၉၁ ဂါလန်(သန်း)
အသုံးပြုနိုင်သောပမာဏ၁၀၆၀၀ ဂါလန်(သန်း)၈၄၀၀ ဂါလန်(သန်း)၂၀၀၀၀ ဂါလန်(သန်း)၄၅၅၃၈ ဂါလန်(သန်း)
တစ်နေ့ရေပေးပမာဏ၁၄ ဂါလန်(သန်း)၂၇ ဂါလန်(သန်း)၅၄ ဂါလန်(သန်း)၉၀ ဂါလန်(သန်း)

ကြားခံရေလှောင်ကန်များ

ကုက္ကိုင်းရေလှောင်ကန်မဟာဝိဇယရေလှောင်ကန်ရွှေတိဂုံဘုရားရေလှောင်ကန်
တည်ဆောက်နှစ်၁၉၂၆၁၉၆၅၁၈၉၄
တည်နေရာကမ္ဘာအေးဘုရားလမ်းနှင့် ပုလဲလမ်းထောင့်ရွှေတိဂုံဘုရားလမ်း၊ ဆက်သွယ်ရေးတပ်ဝင်းရွှေတိဂုံတောင်ဘက်မုခ်
ရေလှောင်ပမာဏရေဂါလန်သန်း ၂၀ရေဂါလန် ၁၀ သန်းရေဂါလန် ၁ သန်း
ပေးဝေမြို့နယ်ဗဟန်း၊ ဒဂုံ၊ ကမာရွတ်၊ မရမ်းကုန်း ၊ တာမွေ၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်ဒဂုံ၊ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း၊

အဝီစိတွင်းစခန်းများ

သဲဖြူ(လှိုင်သာယာ)ရန်ကုန်ပေါက်(ဒလ)ဒဂုံတောင်(၁)ဒဂုံတောင်(၂)
တည်ဆောက်ခုနှစ်၂၀၀၀၂၀၀၀၂၀၀၈၂၀၀၉
တစ်နေ့ရေပေးပမာဏ၁ သန်း၁ သန်း၁ သန်း၁ သန်း

(ဆောင်ရွက်ဆဲ)လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ လဂွန်းပြင်ဆည်ရေကို ရယူသန့်စင်သည့်အတွက် လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းဟု ခေါ်ဆိုသည်။

လုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လတွင် စီမံကိန်းပြီးစီးမည်ဟု ခန့်မှန်းထားသည်။

ရေပေးဝေရေး ဇုန် (၇)ဖြစ်သည့် ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းသို့ နေ့စဉ် ရေဂါလန် ၁၃ သန်း ၊ ဇုန် (၈)ဖြစ်သည့် ဒဂုံမြို့သစ် တောင်ပိုင်းနှင့် ဆိပ်ကမ်းမြို့နယ်သို့ နေ့စဉ် ရေဂါလန် ၁၄ သန်း၊ ဇုန် (၂) ဖြစ်သည့် သာကေတနှင့် ဒေါပုံသို့ နေ့စဉ် ရေဂါလန် သုံးသန်း၊ သီလဝါ အထူးစီးပွားရေးဇုန်သို့ ရေဂါလန် ၁၀ သန်း နေ့စဉ် ရေဂါလန် သန်း ၄၀ ပေးဝေမည်။

ရေဖိအားညီမျှစွာပေးဝေနိုင်ရန်အတွက် Supervisory Control and Data Acquisition System ကို အသုံးပြုသွားမည်။

Service Reservoir နှင့် Pumping Station များကို ရေပေးဝေရေးဇုန် (၇)အတွက် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁၃၁ ရပ်ကွက်တွင် တည်ဆောက်ထားသည်။ ရေဂါလန် ၄ . ၆ သန်းဆံ့ပြီး တစ်နာရီလျှင် ရေဂါလန် ခုနစ်သိန်း ဖြန့်ဝေပေးနိုင်မည်ဖြစ်သည်။ ဇုန် (၈)အတွက် ဒဂုံမြို့သစ် (ဆိပ်ကမ်း ) မြို့နယ် ၆၉ ရပ်ကွက်တွင် တည်ဆောက်ထား သည်။ ရေဂါလန်ခြောက်သန်းဆံ့ပြီး တစ်နာရီလျှင် ရေဂါလန် ၁၁ သိန်းနှင့် သီလဝါအထူးစီးပွားရေးဇုန်အတွက် တစ်နာရီ လျှင် ရေဂါလန် ၃ . ၈ သိန်း ဖြန့်ဝေပေးနိုင်မည်။

စီမံကိန်းတွင် ပါဝင်သည့် ရေသန့်စင်စက်ရုံသည် အမှတ် ၂ လမ်းမကြီးနှင့် အမှတ် ၇ လမ်းမကြီးတို့၏ လမ်းဆုံအနီးတွင် တည်ရှိသည်။

ရေပိုက်လိုင်းအရှည်မှာ ၂၇ ဒသမ ၄ မိုင် ၊ ရေဖြန့်ဝေပိုက်လိုင်းအရှည်မှာ ၁၇၉ . ၆ မိုင်ရှိသည်။

လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကို JICA ODA LOAN ဖြင့် ဆောင်ရွက်သည်။ ချေးငွေပမာဏ ဂျပန်ယန်း ၂၃ . ၆၈၃ ဘီလီယံဖြစ်ပြီး အတိုးနှုန်းမှာ ၀ . ၀၁ ရာခိုင်နှုန်းဖြစ်သည်။ ချေးငွေပြန်ဆပ်ရမည့်ကာလမှာ နှစ် ၄၀ ဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်သို့ နေ့စဉ် ရေဂါလန် ၁၀ သန်း ရောင်းချရငွေနှင့် ရေသုံးစွဲသူ ပြည်သူများထံမှ ရရှိမည့်ရေဖိုးရေခများဖြင့် ပြန်လည် ပေးဆပ်မည်။

(ဆောင်ရွက်ဆဲ)ထန်းတပင်မြို့ ကုက္ကိုဝမြစ် ရေသန့်စင် ပေးဝေရေးစီမံကိန်း

(Credit: frontiermyanmar.net/en/)

လှိုင်မြစ်၏မြစ်လက်တက်ဖြစ်သော ကုက္ကိုဝမြစ်ရေကို သန့်စင်၍ တစ်ရက်လျှင် ရေဂါလန်သန်း ၆၀ ပေးဝေရန် ရာထားသည်။

ယင်းစီမံကိန်းမှ သောက်သုံးရေများကို လှိုင်သာယာ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံ၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ တာမွေ၊ လမ်းမတော်၊ လသာ၊ အလုံ၊ ကြည့်မြင်တိုင် စသည့်မြို့နယ် များကို ရေဖြန့်ဖြူးပေးနိုင်ရေး စီစဉ်သွားမည် ဖြစ်သည်။ ၂၀၂၅ ခုနှစ်၌ ပြီးစီးမည်ဟု မျှော်မှန်းထားသည်။

ရည်ညွှန်း https://www.ycdc.gov.mm/https://www.facebook.com/ycdcws ၊ အချက်အလက်ရယူသောနေ့ ၂၂ . ၁၀ . ၂၁

Leave a comment