
(ဤပို့စ်သည် Saw Ardar Poe က ညွှန်းသဖြင့် Maung Maung Oo အကောင့်တွင် တင်ထားသည် တို့ကို သဘောကျ၍ တစ်ခုတည်း ဖြစ်အောင် စုစည်းထားသောပို့စ် ဖြစ်ပါသည်။ )
ငါန်းဇွန်နယ်ကြော၏မြေအနေအထားသည် အနိမ့်အမြင့်မညီ၊ မိုးရေကန်အများစုသည် ရေလမ်းကြောင်း အဆင်မပြေသဖြင့် လှောင်ရေလည်း ခက်သည်။ ကန်တွင်းရလာသည့်ရေသည် အောက်ခံမြေစုပ်ယူအားနှင့် အငွေ့ပျံဖြစ်စဉ်ကြောင့် ကြာကြာမသုံးကြရ။ ရွာတွေမှာ လူဦးရေနှင့်အိမ်ခြေတိုးတော့ရေချိုပိုလိုလာသည်။
မြေအောက်ရေရနိင်ဖို့တွင်းတူးသည်။ ပေထောင်သာချီသည်။ ရေချိုမထွက်။ တချို့ရွာတွေမှာမြစ်ရေတင်ကရေလွှတ်ချိန် ရနိင်သော်လည်း မြစ်ရေတင်မြောင်းမရှိ၍ မြစ်ရေချိုကိုဝယ်သုံးရသည်။
ငါန်းဇွန်မြို့နယ် လွှတ်တော်အမတ်ဦးကျော်စိုးနိင်နှင့်တိုင်ပင်ပြီး ကန်တစ်ကန်တွင် မိုးကာခင်း ရေစုထိန်းသိမ်းဖို့စီစဉ်သည်။ ကိုစိန်ဝင်း(မောင်စိန်ဝင်းနှင့်ညီများကုမ္ပဏီ)က အလျား ၁၅၀ အနံ ၁၀၄ အနက် ၆ ပေ စုစုပေါင်း သိန်း ၃၀ တန်ဖိုးရှိ မိုးကာခင်းကို လှူသည်။ မီးယပ်သားဖွားပါမောက္ခ(ငြိမ်း)ဆရာမကြီး ဒေါ်ခင်မိမိလွင်လှူသည့် တည်ပင်များကို ကန်ပတ်လည်တွင်စိုက်သည်။
ကန်အခင်းခင်းပြီးချိန် လေရောမိုးပါသည်းထန်စွာရွာသွန်း၍ စီးရေများသည်လေကြောင့်လွင့်ထွက်သွားသည့် မိုးကာစအာက်ခြေကနေ ကန်အတွင်းဝင်သည်။
ကျေးရွာသူရွာသား အယောက် ၂၀၀ လောက်က ကန်အပေါ်နှုတ်ခမ်းနှင့်ရေဝင်လမ်းမှာရှိသည့် မိုးကာစနှုတ်ခမ်းများကို လိုင်းကျင်းတူး မြေမြှုပ်ဖိချုပ်ထားလိုက်သဖြင့် ဟမနေတာ့ဘဲ ရေအဝင်လက်ခံနိုင်ပြီ။