Tag: Rainwater
-
မမြင်ကွယ်ရာမှရေများသည်ပင်
လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်း ခြောက်သွေ့ကာ ရေနံပေါကြွယ်ဝသော အာဖရိကမြောက်ပိုင်းနိုင်ငံဟု သိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကို ရေနံမှရသည်။ ရေနံအပြင် အခြားမြေအောက်သယံဇာတတစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာ ယခုလစ်ဗျားရှိရာဒေသတွင် ရာသီ ဥတုမျှတနေစဉ်က ရွာသွန်းခဲ့သော မိုးရေများ မြေအောက်အလွန်နက်ရှိုင်းသောနေရာအထိ စိမ့်ဝင်ခိုအောင်းနေခဲ့သည့် မြေအောက်ရေအောင်းလွှာများပင် ဖြစ်သည်။ ရုပ်ကြွင်းရေ ကမ္ဘာ့အခြောက်သွေ့ဆုံးနိုင်ငံများထဲတွင် ပါသည့် လစ်ဗျားတွင် အမြဲစီးနေသည့်မြစ် မရှိဘဲ ရေကန်နှင့် စမ်းချောင်းအနည်းငယ်သာ ရှိသည်။ လစ်ဗျား၏ မြို့ကြီးအများအပြားသည် နိုင်ငံမြောက်ပိုင်း မြေထဲပင်လယ်ကမ်းစပ်တွင် ရှိကြသဖြင့် မြို့တော်ထရစ်ပလီ အပါအဝင် မြို့ကြီးများအတွက် မြေထဲပင်လယ်ရေကို ရေချိုချက်စက်ရုံများဖြင့် ချက်လုပ်သန့်စင်ပြီး သောက်သုံးရေအဖြစ် ပေးဝေနေခဲ့သည်။ ယင်းစက်ရုံများသည် လည်ပတ်စရိတ် ကြီးမားသည့်အပြင် အချို့ရေချိုချက်စက်ရုံများသည် ကောင်းစွာအလုပ်မလုပ်နိုင်သဖြင့် မြို့ တော်ထရစ်ပလီသာမက အခြားမြို့ကြီးအချို့တွင်လည်း…
-
မြေအောက်တမံက ပြောင်းလဲပေးလိုက်သော ဘဝများ
(၁) ”ရွာက ချောင်းဘေးမှာရှိပေမယ့် ဒီချောင်းက မိုးတွင်းမှ ရေရှိတာ၊ ရေရှိတယ်ဆိုတာလည်း အထက်ဘက်မှာ မိုးရွာတုန်းခဏပဲ။ အထက်မှာ မိုးရွာပြီဆိုရင် ချောင်းထဲကိုဖြတ်မသွားနဲ့တော့။ ရေလုံးက ဝါးလုံးထိုးစီးတာ။ မနှစ်က မိုးကလေးညို့လာပြီး လွတ်မယ်ထင်လို့ ရွာမြောက်ဘက်က သာရင် နွားလှည်းနဲ့ ဖြတ်ကူးလိုက်တာ၊ နွားရော၊ လူရော၊ လှည်းရော ရေစီးနဲ့ပါသွားလိုက်တာ သူ့သမီးငယ် ဂွက်ထော်မ ရှာမတွေ့တော့ဘူး။ ဒီချောင်းကအတော်လေးဆိုးတယ်။ တစ်နှစ်ကို တစ်ယောက်နှစ်ယောက် လူစားတယ်” မကွေးတိုင်းဒေသကြီး သဲတောကျေးရွာနေ ဦးချစ်တုံးက ပြောသည်။ ဦးချစ်တုံး ရည်ညွှန်းသည့် သဲတောရွာဘေးရှိချောင်းသည် သဲချောင်းဖြစ်သည်။ အဆိုပါ ချောင်းနည်းတူ မြန်မာနိုင်ငံ မိုးနည်းရေရှားဒေသရှိ သဲချောင်းများသည် မိုးရာသီတွင်နှင့် မုန်တိုင်း တိုက်ခတ်သောအခါများတွင် ရေများ တစ်ဟုန်ထိုး စီးဆင်းလာတတ်သဖြင့် ချောင်းဖြတ်ကူးသူများအတွက် အန္တရာယ်ကြီးမားလှသည်။ သို့သော် ချောင်းအထက်ဘက်တွင်…
-
လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ – အေးမြင့်ဆွေ (ဆည်/ရေ)
တမံဟုဆိုလျှင် သဖန်းဆိပ်ရေလှောင်တမံ၊ ငမိုးရိပ်ရေလှောင်တမံစသည်ဖြင့် မြေပေါ်တွင် တည်ဆောက်ထားသည့် မြေသားတမံ၊ ကွန်ကရစ်တမံများကိုသာ ရင်းနှီးကြပြီး မြေအောက်တမံ (Underground Dam) ဟူသောအသုံးအနှုန်းသည် အများစုအတွက် ရင်းနှီးမှုနည်းပါးသည့် ဝေါဟာရအသုံးအနှုန်းသစ်တစ်ခု ဖြစ်နေနိုင်ပါသည်။ ကမ္ဘာပေါ်တွင် ပထမဆုံးမြေအောက်တမံအား တန်ဇန်းနီးယား (Tanzania) နိုင်ငံ၌ ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့တည်ဆောက်လာခဲ့ပါသည်။ အမေရိကန်၊ ဘရာဇီး၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ကင်ညာ၊ အီသီယိုပီးယား၊ ဆူဒန်၊ ပါကစ္စတန်စသည့် ကမ္ဘာ့နိုင်ငံအများအပြားတွင် တည်ဆောက်အသုံးပြုလျက်ရှိကြသည်။ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP)မှ ၁၉၉၅ ခုနှစ်တွင် မြေအောက်တမံနည်းပညာမျှဝေခြင်းသင်တန်း ပို့ချခဲ့ဖူးကြောင်း သိရှိရပါသည်။ မြေအောက်တမံ တည်ဆောက်မှုအား ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့၍ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ဆောင်ရွက်အကောင်အထည်ဖော်မှုများကိုမူ (၂၀၂၀-၂၀၂၁)…
-
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ ကြုံရဖွယ်ရှိသည့် ရေအခက်အခဲ
၂၀၂၃ ခုနှစ် နှစ်လယ်မှစ၍ အားအသင့်အတင့်ရှိသော အယ်လ်နီညိုရာသီဥတုအခြေအနေ ပေါ်ပေါက်လာနေကြောင်း၊ အယ်လ်နီညိုနှင့်အတူ အပူလှိုင်းများ၏ဒဏ်ကို ၂၀၂၄ ခုနှစ်တွင် မကြုံစဖူး ပြင်းထန်စွာ ခံစားကြရဖွယ် ရှိကြောင်း ရာသီဥတုသိပ္ပံပညာရှင်များက သတိပေးထားသည်။ အယ်လ်နီညိုဆိုသည်မှာ ပုံမှန်ထက် ထူးကဲစွာ ပူနွေးလာသည့် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ပိုင်းရေပြင်ကြောင့် သမုဒ္ဒရာရေစီးကြောင်းများ၊ ယင်းနှင့် ဆက်စပ်သော လေထုနှင့် လေစီးကြောင်းများ ပြောင်းလဲကာ ပစိဖိတ် သမုဒ္ဒရာဝန်းကျင်ဒေသများအပြင် ယင်းဒေသများနှင့် ထိတွေ့ဆက်စပ်နေသောဒေသများ၏ မိုးလေဝသ အခြေအနေကိုပါ သက်ရောက်သည့် ဖြစ်စဉ်ကို ခေါ်သည်။ ပုံမှန်ထက် ထူးကဲစွာအေးမြလာသည့် ပစိဖိတ် သမုဒ္ဒရာ၏ အရှေ့ပိုင်းရေပြင်သည်မူ အယ်လ်နီညိုနှင့်ဆန့်ကျင်ဘက် လာနီညာရာသီဥတု အခြေအနေကို ပေါ်ပေါက်စေသည်။ အယ်လ်နီညိုကြောင့် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ပိုင်းနိုင်ငံများတွင် မိုးများပြီး စိုစွတ်သည့် အခြေအနေများ ပေါ်ပေါက်ပြီး မြန်မာအပါအဝင် ပစိဖိတ်သမုဒ္ဒရာ၏…
-
ရေဖလား(Water Cup)
ကမ္ဘာ့ဖလား (World Cup)ဟု ဆိုလိုက်လျှင် ဘောလုံးဝါသနာရှင်များ၏ အာရုံကို ကောင်းစွာ ဆွဲဆောင်နိုင်သည့်အပြင် သာမန်လူအများကပင် ကောင်းစွာ ကြားဖူးကြသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယခုနှစ်အတွင်း ကျင်းပရန် ရှိသဖြင့် စိတ်ဝင်စားမှု အဟုန် တိုးမြင့်လာဦးမည်။ ကမ္ဘာ့ဖလားပြိုင်ပွဲသည် အားကစားနယ်ပယ်တွင် သာမက ဆက်စပ်ကဏ္ဍတို့၏ စီးပွားရေးကို ကြီးစွာ အထောက်အကူပြုလျက် ရှိသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို အတုယူ အမည်ပေးထားသော ရေဖလား (water cup) ပြိုင်ပွဲသည်မူ လူသိနည်းသော်လည်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကျေးရွာများ၏ ရေရရှိရေးအပြင် စီးပွားရေး လူနေမှုစနစ်တို့ကို အထောက်အကူပြု တိုးတက်စေခဲ့သည်။ ရေဖလား (water cup) ပြိုင်ပွဲဆိုသည်မှာ အိန္ဒိယနိုင်ငံ မဟာရပ်ရှ်ထရာပြည်နယ်၌ ပြုလုပ်ခဲ့သည့် ကျေးရွာရေရရှိရေးပြိုင်ပွဲ ဖြစ်သည်။ မဟာရပ်ရှ်ထရာပြည်နယ်တွင် မကြာခဏ မိုးခေါင်တတ်သဖြင့် ရေရှားပါးမှုကို ပြည်နယ်သား…
-
လှေကားထစ်ရေကန် (Ye Htwe)
လှေကားထစ်ရေကန်ဆိုသည်မှာ ရှေးခေတ်အိန္ဒိယသုံး ရေတွင်းရေကန် တစ်မျိုးဖြစ်သည်။ မြေအောက်ရေလည်း ထွက်၍ မိုးရေကိုလည်း ခံယူကာ မိုးများသော်လည်း မလျှံ၊ မိုးခေါင်သော်လည်း မခန်းပဲ တစ်နှစ်ပတ်လုံး ရေရရှိနိုင်အောင် စီမံထားခြင်း ဖြစ်သည်။ ၎င်းတို့ကို အထပ်ပေါင်းများစွာ နက်နက်ရှိုင်းရှိုင်း၊ အချိုမှာ နက်ရှိုင်းလွန်းသဖြင့် ရေကို တစ်ထပ်မှ တစ်ထပ် နွားရဟတ်ဖြင့် ဆွဲငင်ရသည်။ စိုက်ပျိုးရေနှင့် သုံးရေအတွက် လက်တွေ့ ရည်ရွယ်ထားသည့် တိုင်အောင် အိန္ဒိယ၏ ဗိသုကာ၊ ပန်းတော့နှင့် ပန်းတမော့ လက်ရာတို့ကို တွေ့ရသည်။ Stepwell တို့ကို ခြောက်သွေ့သော အိန္ဒိယ အနောက်ပိုင်းတွင် အတွေ့ရများပါသည်။ အိန္ဒုမြစ်ဝှမ်းရှိ လွန်ခဲ့သောနှစ် ၄၅၀၀ ခန့်က မိုဟန်ဂျိုဒါရို မြို့ဟောင်းတွင်ပင် Stepwell ဆန်ဆန် လှေကားထစ်များနှင့် Great Bath ရေကန်ကို…