Tag: Myanmar
-
ဧရာဝတီမြစ်ဖျားခံရာဒေသရှိ အရည်ပျော်နေသောရေခဲမြစ်များနှင့် ယင်းဖြစ်စဉ်၏ သက်ရောက်မှုများ

ကမ္ဘာပေါ်၌ ရေခဲထုအများဆုံးနေရာသည် တောင်ဝင်ရိုးစွန်း အန္တာတိကတိုက်ဖြစ်ပြီး ရေခဲထု ကုဗကီလိုမီတာ သန်း ၃၀ မျှ ရှိသည်။ မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင်မူ ရေခဲထု ကုဗကီလိုမီတာ ၈၀၀၀ ခန့်ရှိသည်။ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်တည်ရှိရာ ဟိမဝန္တာဒေသအပါအဝင် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ(Hindu Kush Himalayas (HKH)) တောင်တန်းများပေါ်ရှိ ရေခဲထုသည် ကုဗကီလိုမီတာ ၇၆၀၀ ခန့်ရှိသဖြင့် ယင်းဒေသကို တတိယဝင်ရိုးစွန်းဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ တောင်နှင့်မြောက်ဝင်ရိုးစွန်းများရှိ ရေခဲသည် သောက်သုံးရေအတွက် တိုက်ရိုက်အသုံးမဝင်သော်လည်း ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းများပေါ်ရှိ ရေခဲထုမှ ပျော်ဆင်းလာသောရေများသည်မူ အာရှတိုက်ရှိ မြစ်ကြီးဆယ်စင်းထဲသို့ စီးဝင်ကာ အဆိုပါမြစ်တို့ ဖြတ်သန်းစီးဆင်းသော နိုင်ငံ ၁၆ နိုင်ငံနေ လူသန်းပေါင်း ၁၇၇၀ ကို သောက်သုံးရေပေးဝေလျက် ရှိသည်။ ယင်းမြစ်ဆယ်စင်းမှာ တာရင်(Tarim)၊ အမူဒါရိယာ(Amu…
-
မြေအောက်တမံက ပြောင်းလဲပေးလိုက်သော ဘဝများ
(၁) ”ရွာက ချောင်းဘေးမှာရှိပေမယ့် ဒီချောင်းက မိုးတွင်းမှ ရေရှိတာ၊ ရေရှိတယ်ဆိုတာလည်း အထက်ဘက်မှာ မိုးရွာတုန်းခဏပဲ။ အထက်မှာ မိုးရွာပြီဆိုရင် ချောင်းထဲကိုဖြတ်မသွားနဲ့တော့။ ရေလုံးက ဝါးလုံးထိုးစီးတာ။ မနှစ်က မိုးကလေးညို့လာပြီး လွတ်မယ်ထင်လို့ ရွာမြောက်ဘက်က သာရင် နွားလှည်းနဲ့ ဖြတ်ကူးလိုက်တာ၊ နွားရော၊ လူရော၊ လှည်းရော ရေစီးနဲ့ပါသွားလိုက်တာ သူ့သမီးငယ် ဂွက်ထော်မ ရှာမတွေ့တော့ဘူး။ ဒီချောင်းကအတော်လေးဆိုးတယ်။ တစ်နှစ်ကို တစ်ယောက်နှစ်ယောက် လူစားတယ်” မကွေးတိုင်းဒေသကြီး သဲတောကျေးရွာနေ ဦးချစ်တုံးက ပြောသည်။ ဦးချစ်တုံး ရည်ညွှန်းသည့် သဲတောရွာဘေးရှိချောင်းသည် သဲချောင်းဖြစ်သည်။ အဆိုပါ ချောင်းနည်းတူ မြန်မာနိုင်ငံ မိုးနည်းရေရှားဒေသရှိ သဲချောင်းများသည် မိုးရာသီတွင်နှင့် မုန်တိုင်း တိုက်ခတ်သောအခါများတွင် ရေများ တစ်ဟုန်ထိုး စီးဆင်းလာတတ်သဖြင့် ချောင်းဖြတ်ကူးသူများအတွက် အန္တရာယ်ကြီးမားလှသည်။ သို့သော် ချောင်းအထက်ဘက်တွင်…
-
တောင်ဖျားဆီက မိုးညို့ညို့နှင့် ရေလှောင်တမံ၊ ရေပိုလွှဲများ… အေးမြင့်ဆွေ (ဆည်/ရေ)
မြစ်ချောင်းဖျား တောင်တန်းများဆီတွင် မိုးတိမ်များ မှောင်မည်းညို့မှိုင်းလာပါက သိပ်မကြာမီတွင် မြစ်ရေချောင်းရေများ တရိပ်ရိပ်တက်လာတော့မည့် လက္ခဏာဖြစ်သည်ဟု အဆိုရှိပါသည်။ ယခုအခါတွင် အယ်လ်နီညိုနှင့် လာနီညာကဲ့သို့သော အစွန်းရောက် ရာသီဉတု ပြောင်းလဲမှုများကြောင့် စံချိန်တင်မိုးများ ရွာသွန်းခြင်း၊ အချိန်အခါမဟုတ် မိုးများ ရွာသွန်းခြင်းကဲ့သို့ ခန့်မှန်းရခက်သည့် မိုးလေဝသအခြေအနေများ တွေ့ကြုံလာရသည်။ တောင်ဖျားဆီတွင် လိုအပ်သည်ထက် ပိုသော မိုးညို့ညို့များ တစ်နှစ်ပြီးတစ်နှစ် တွေ့ကြုံလာနေကြရပါသည်။ ထိုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည့် အခါ ရေလှောင်တမံများရှိ ရေပိုလွှဲများမှ ရေများဖောက်ချ၍ ရေကြီးရသည်ဟု အချို့က နားလည်မှု လွဲတတ်ကြပါသည်။ ရေလှောင်တမံများ၏ ရေပိုလွှဲမှရေများ ကျော်ကျနေခြင်းသည် ရေကြီးမှုအတွက် စိုးရိမ်စရာဖြစ်သည်ဟုလည်း တွေးထင်မိတတ်ကြပါသည်။ မိမိကိုယ်တိုင်လည်း ရေလှောင်တမံ ရေပိုလွှဲများအကြောင်း သေချာစွာ မသိရှိရသေးခင်က ထိုသို့တွေးထင်ခဲ့ဖူးသည်ဖြစ်ရာ ဤဆောင်းပါးတွင်…
-
လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ – အေးမြင့်ဆွေ (ဆည်/ရေ)
တမံဟုဆိုလျှင် သဖန်းဆိပ်ရေလှောင်တမံ၊ ငမိုးရိပ်ရေလှောင်တမံစသည်ဖြင့် မြေပေါ်တွင် တည်ဆောက်ထားသည့် မြေသားတမံ၊ ကွန်ကရစ်တမံများကိုသာ ရင်းနှီးကြပြီး မြေအောက်တမံ (Underground Dam) ဟူသောအသုံးအနှုန်းသည် အများစုအတွက် ရင်းနှီးမှုနည်းပါးသည့် ဝေါဟာရအသုံးအနှုန်းသစ်တစ်ခု ဖြစ်နေနိုင်ပါသည်။ ကမ္ဘာပေါ်တွင် ပထမဆုံးမြေအောက်တမံအား တန်ဇန်းနီးယား (Tanzania) နိုင်ငံ၌ ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့တည်ဆောက်လာခဲ့ပါသည်။ အမေရိကန်၊ ဘရာဇီး၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ကင်ညာ၊ အီသီယိုပီးယား၊ ဆူဒန်၊ ပါကစ္စတန်စသည့် ကမ္ဘာ့နိုင်ငံအများအပြားတွင် တည်ဆောက်အသုံးပြုလျက်ရှိကြသည်။ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP)မှ ၁၉၉၅ ခုနှစ်တွင် မြေအောက်တမံနည်းပညာမျှဝေခြင်းသင်တန်း ပို့ချခဲ့ဖူးကြောင်း သိရှိရပါသည်။ မြေအောက်တမံ တည်ဆောက်မှုအား ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့၍ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ဆောင်ရွက်အကောင်အထည်ဖော်မှုများကိုမူ (၂၀၂၀-၂၀၂၁)…
-
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ရေဘေးကာကွယ်ရေး တာများ – အေးမြင့်ဆွေ(ဆည်/ရေ)
ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဟူသော ဆိုရိုးကဲ့သို့ပင် မုတ်သုံမိုးညို့ညို့နှင့်အတူ မြန်မာ့မြစ်ချောင်း အင်းအိုင်ရေပြင်တို့သည် ပြည့်လျှံဖွေးဖြူလျက်ရှိကြ၏။ မိုးရာသီသည် သစ်ပင်သီးနှံများ၊ ကောက်စိုက်တေးသံများဖြင့် သာယာသောကာလဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ရေလွှမ်းမိုးမှု ဘေးအန္တရာယ်သည် ဤကာလ၏ အလေးထားရမည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်လျက်ရှိနေပါသည်။ ဇူလိုင်လအစတွင် မြစ်ဖျားပိုင်းမှ အစပြုခဲ့သော ဧရာဝတီမြစ်ရေကြီးမှုသည် ယခုအခါတွင် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အောက်ပိုင်းများသို့ တဖြည်းဖြည်း ပျံ့နှံ့ရောက်ရှိလာလျက် ရှိနေပါသည်။ ရေ၏အကျိုးစီးပွားသည် မကုန်နိုင်များပြားသကဲ့သို့ နူးညံ့ပျော့ပြောင်းသည်ထင်ရသော ရေ၏ အဖျက်စွမ်းအားသည်လည်း လွန်စွာကြီးမားပါသည်။ တွေ့ရှိမှုများအရ အလွန်လျင်မြန်စွာ စီးဆင်းလာသော ရေအနက် ၆ လက်မခန့်သည် လူတစ်ဉီးအား လဲကျမျောပါသွားစေနိုင်သကဲ့သို့ ထိုရေအနက် ၂ ပေခန့်သည် ကားတစ်စီးအား မျောပါသွားစေနိုင်ပါသည်။ ရေကြီးမှုဖြစ်ပွားပါက လူ တိရစ္ဆာန်နှင့် အဆောက်အအုံများ ပျက်စီးခြင်း၊ သီးနှံရိက္ခာများ ပျက်စီးခြင်း၊ လမ်းပန်းဆက်သွယ်ရေး…
-
မြန်မာနိုင်ငံ ရေကြီးရေလျှံမှု အန္တရာယ်များနှင့် ယင်းတို့ကို လျော့ပါးသက်သာစေနိုင်သည့် နည်းလမ်းများ
ရေကြီးရေလျှံခြင်း သို့မဟုတ် ရေလွှမ်းမိုးခြင်း ဆိုသည်မှာ ပုံမှန်အချိန်၌ ခြောက်သွေ့နေသည့် မြေပြင်ပေါ်သို့ မြစ် သို့မဟုတ် မိုးရေ၊ ဆီးနှင်း၊ ရေခဲကဲ့သို့သော ဇာစ်မြစ်တစ်ခုခုမှ ရေများရောက်ရှိလာကာ အချိန်ကာလတစ်ခုအထိ လွှမ်းမိုးဖုံးအုပ်နေခြင်းဟု ဖွင့်ဆိုသည်။ ရေကြီးရေလျှံခြင်း၏ အကြောင်းရင်းများမှာ မိုးသည်းထန်စွာ သုံးရက်နှင့်အထက် ဆက်တိုက်ရွာသွန်းခြင်း၊ မြစ်ချောင်းများနှင့်ရေထုတ်စနစ်များ အနည်ထိုင် ပိတ်ဆို့ခြင်း၊ ဒီရေတောစသည့် ရေနှင့်ဆက်စပ်သော သဘာဝအခြင်းအရာများ အရည်အသွေး ကျဆင်းခြင်းနှင့် လျော့နည်းပျောက်ကွယ်ခြင်း၊ မိုးသည်းထန်ချိန်နှင့် ရေထရက် ဆုံစည်းမိခြင်း၊ မုန်တိုင်းဒီရေတက်ခြင်း၊ ဆူနာမီရေလှိုင်း ဖြစ်ပေါ်ခြင်းတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ရေကြီးမှုအန္တရာယ်များကို တစ်နှစ်လျှင် သုံးကြိမ်ခန့်အထိ အများဆုံးကြုံတွေ့ရလေ့ရှိသည်။ နှစ်စဉ်မိုးတွင်းကာလ ဇွန်၊ ဇူလိုင်၊ သြဂုတ်လနှင့် မိုးနှောင်းပိုင်း စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ဖြစ်လေ့ရှိကာ မိုးအများဆုံး ရွာသွန်းသော သြဂုတ်တွင် အဆိုးရွားဆုံး…
-
၂၀၂၃ အောက်တိုဘာလ ပဲခူးရေကြီးမှု
၂၀၂၃ အောက်တိုဘာလက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ နှစ်ပေါင်း ၆၀ ခန့်အတွင်း အဆိုးရွားဆုံးဟု ဆိုနိုင်သော ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ ပဲခူးမြို့ပေါ် ရပ်ကွက်အများစုတွင် လူတစ်ရပ်နှင့်အထက် ရေမြုပ်ခဲ့ကာ အချို့နေရာများ၌ အိမ်ခေါင်မိုးအထိ မြုပ်ခဲ့သည်။ ပုံမှန်ရေကြီးလေ့မရှိသည့် မှော်ကန်၊ ဆိုရှယ်လစ်၊ ပုဏ္ဏားစုနှင့် သွန်းဘုရားဝန်းရပ်ကွက်များအထိ ရေပြင်မြင့်တက်ခဲ့ပြီး တစ်ထပ်အိမ်အားလုံး ရေနစ်မြုပ်လုဖြစ်သည်အထိ ဆိုးရွားခဲ့သည်။ ပဲခူးနှင့်ဆက်နေသော အမြန်လမ်း ၃၉ မိုင်တွင်လည်း အောက်တိုဘာလ ၈ ရက်နေ့က လမ်းမပေါ်ကို ရေကျော်ခဲ့သည်။ ၂၀၂၃ ခုနှစ် ပဲခူးရေကြီးသည့် အကြောင်းရင်းများအနက်တစ်ခုမှာ မိုးသည်းထန်မှု ဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ရွာခဲ့သော မိုးရေချိန် ၇ ဒသမ ၈၇ လက်မသည် ပဲခူးမြို့အတွက် လွန်ခဲ့သော…