Tag: Droughts
-
ရေကြီးရေလျှံခြင်းနှင့် မိုးခေါင်ရေရှားခြင်းတို့၏ ဒဏ်မှ သက်သာရာရအောင် မည်သို့လုပ်ဆောင်ကြမည်နည်း
(အုန်းမြင့် – ကမ္ဘာ့ဘဏ် အတိုင်ပင်ခံ အင်ဂျင်နီယာ) မြစ်ချောင်းများအတွင်းသို့ ဝင်ရောက်စီးဆင်းနေသော ရေထုထည်သည် ယင်းမြစ်များချောင်းများက လက်ခံ သယ်ယူ စီးဆင်းစေနိုင်သော ပမာဏထက် ကျော်လွန်များပြားလာသောအခါ မြစ်ကမ်းပါးပေါ်သို့ လျှံတက်လာပြီး ရေကြီးရေလျှံမှု ပေါ်ပေါက်သည်။ သို့သော် ရေကြီးရေလျှံမှုတိုင်းသည် အပျက်အစီးများကို မဖြစ်ပေါ်စေနိုင်ချေ။ လျှံတက်လာသောရေများသည် မြစ်၏ တဖက်တချက်တွင် သဘာဝအလျောက် ဖြစ်ပေါ်နေနိုင်သည့် ရေလွှမ်းလွင်ပြင်များထဲသို့ ဝင်ရောက်ဖုံးလွှမ်းသောအခါ ရေစီးတွင် ပါလာသော နုန်းအနည်များကို ပို့ချအနည်ထိုင်စေခြင်းဖြင့် ယင်းလွင်ပြင်များကို မြေဆီအာဟာရကြွယ်ဝစေသည်။ ရေသည် ရေလွှမ်းလွင်ပြင်မှ ဆက်လက်လျှံတက်သွားပြီး လူနေအရပ်များထဲသို့ စီးဆင်းဝင်ရောက်သောအခါမှ ထိခိုက် ပျက်စီးမှုများ ပေါ်ပေါက်သည်။ သဘာဝရေလွှမ်းလွင်ပြင် မရှိလျှင်၊ ရှိသော်လည်း ယင်းလွင်ပြင်ထဲသို့ လူတို့ ဝင်ရောက်ကျူးကျော်ဆောက်လုပ်နေထိုင်လျှင်၊ သို့မဟုတ် တစ်နည်းနည်းဖြင့် ယင်းလွင်ပြင်ကို ပျက်စီးစေခဲ့လျှင် သဘာဝအကာအကွယ် မရတော့ဘဲ…