Tag: Desalination
-
အီဂျစ်နိုင်ငံ၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှု
လူဦးရေ ၁၀၁ သန်း နေထိုင်ကာ နိုင်ငံ အကျယ်အဝန်း ၁၀၀၁၄၄၉ စတုရန်း ကီလိုမီတာ (၂၈၆၆၆၂ စတုရန်းမိုင်) ရှိသော အီဂျစ်နိုင်ငံသည် အာဖရိကတိုက်၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်၊ မြောက်ဘက်တွင် မြေထဲ ပင်လယ်၊ အရှေ့ဘက်တွင် အစ္စရေးနှင့် ပင်လယ်နီ၊ တောင်ဘက်၌ ဆူဒန်နှင့် အနောက်ဘက်၌ လစ်ဗျား နိုင်ငံတို့ ရှိသည်။ အီဂျစ်တွင် ဧပြီလလယ်မှ အောက်တိုဘာလလယ်အထိ နွေရာသီနှင့် အောက်တိုဘာလလယ်မှ ဧပြီလလယ်အထိ ဆောင်းရာသီ၊ ရာသီနှစ်မျိုးသာ ရှိသည်။ အီဂျစ်နိုင်ငံကို မြေမျက်နှာ သွင်ပြင်အားဖြင့် အနောက်ပိုင်း သဲကန္တာရ၊ နိုင်းလ်မြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ်၊ အရှေ့ပိုင်း သဲကန္တာရ၊ ဆိုင်နိုင်းကျွန်းဆွယ် ဟူ၍ လေးပိုင်း ခွဲခြားနိုင်သည်။ အနောက်ပိုင်း သဲကန္တာရ ဒေသတွင် မြစ်ချောင်းများ မရှိဘဲ…
-
ရေကို ငွေထက် ချွေတာသုံးလာသော ဆော်ဒီအာရေဗျနိုင်ငံ
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်စ၍ ရေနံကြောင့် သူဌေးဖြစ်လာခဲ့သည့် ဆော်ဒီအာရေဗျ နိုင်ငံတွင် ရေအရင်း အမြစ်များက အလွန် ဆင်းရဲလှသည်၊ ပျမ်းမျှ တစ်နှစ် မိုးရေချိန် ၁၅၀ မီလီမီတာ (ခြောက်လက်မ) မျှသာ ရွာသည်၊ မြန်မာ့ ခြောက်သွေ့ ဒေသထက်ပင် မိုးနည်းသည်၊ ဆော်ဒီ၌ အမြဲ စီးဆင်းနေသော မြစ်ချောင်းများလည်း မရှိသောကြောင့် သာမန်တွေးပါက ဆော်ဒီတွင် ရေကာတာ မရှိဟု ထင်နိုင်သည်။ မြေပေါ်ရေ သို့သော် နည်းပါးလှသော မိုးရေသည်ပင် ရံခါ လျှပ်တစ်ပြက် ရေကြီးသည်အထိ ဖြစ်တတ်သေးရာ ယင်းရေများကို အလဟသ မဖြစ်စေဘဲ တားဆီး စုဆောင်းထားသော ရေကာတာပေါင်း ၂၀၀ ကျော်ရှိပြီး တစ်နှစ်လျှင် ရေကုဗပေ ၁၆ ဘီလျံကုဗပေ(၀ .…
-
Reverse Osmosis Filtration System နှင့် Micron Filtration System တို့ကို နှိုင်းယှဉ်ကြည့်ခြင်း – Dr. Sai Aung Thant Zin (WaterLab by Dr. Sai)
💙 RO System Reverse Osmosis (RO) ရေသန့်စင်စနစ်ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသား ရေသန့်စင်စနစ် တစ်မျိုးဆိုလဲ မမှားပါဘူး။ လူအများ နားလည်အောင် ရှင်းပြရမယ်ဆိုရင် RO ရေစစ်တဲ့ဇကာလေးတွေက အလွန် အနုစိတ်ပါတယ်။ မျက်လုံးထဲ မြင်အောင် ပြောရမယ်ဆို RO membrane ရဲ့ဇကာပေါက်လေးတွေက 0.001 micron (1 mm ရဲ့ အပုံ 1 သိန်းပုံ 1ပုံ) အရွယ်အစားကနေ 0.0001 micron လောက်ထိ ရှိပါတယ်။ ကျွန်တော်တို့ကို ဘေးဥပါဒ် ဖြစ်စေတဲ့ Bacteria များရဲ့ အရွယ်အစားကတော့ 0.2 micron size လောက်ရှိပြီး ရေထဲမှာ ပျော်ဝင်နေတဲ့ ဆားတွေ သတ္တုဓာတ်တွေကတော့ 0.035-0.5…
-
ရေချိုချက်စက်ရုံနှင့်မြန်မာ
ထိုင်းနိုင်ငံ ဖူးခက်၊ စမွီစသည့်ကျွန်းများတွင် မြေပေါ် မြေအောက် ရေအရင်းအမြစ် ကြွယ်ဝသော်လည်း လာရောက် အပန်းဖြေသည့် ကမ္ဘာလှည့်ခရီးသည် အလွန်များလှသဖြင့် ရေလောက်ငစွာ ပေးနိုင်စေရန် ရေချိုချက် စက်ရုံငယ်များကို တည်ဆောက် လည်ပတ်နေရသည်။ မြန်မာနိုင်ငံတွင်လည်း တနင်္သာရီတိုင်းဒေသကြီး ကမ်းလွန်ကျွန်းတစ်ကျွန်းတွင် တည်ဆောက်မည့် ဟိုတယ် လုပ်ငန်းတစ်ခုအတွက် ရေချိုချက်စက်ရုံ တည်ဆောက်ရန် စီစဉ်နေသည်ဟု သိရသည်။ တနင်္သာရီဒေသသည် ထိုင်းကမ်းခြေများကဲ့သို့ပင် ရေအရင်းအမြစ်ပေါများသော်လည်း တစ်ချိန်၌ မလွဲမသွေ ထွန်းကားလာမည့် ဟိုတယ်နှင့် အပန်းဖြေစခန်းများ၏ ရေလိုအပ်ချက်အတွက် ရေချိုချက်စက်ရုံများ တည်ဆောက်ခြင်းသည် မှန်ကန်သောစီမံချက်ဖြစ်သည်။ ၂၀၂၀ မေလကထွက်ပေါ်ခဲ့သောသတင်းအရ ထိုင်းနိုင်ငံ စက်မှုဇုန်များအားလုံးအတွက် တစ်ရက်လျှင် ကုဗ မီတာ သုံးသိန်း(ဂါလန်သန်း ၈၀)ခန့်ထုတ်ပေးနိုင်သည့် ရေချိုချက်စက်ရုံဆောက်ရန် စီစဉ်နေသည်။ ထိုင်းစက်မှုဇုန်တစ်ခုဖြစ်သည့် မက်တာဖွတ်၌ ရေချိုချက်စက်ရုံအချို့ ရှိပြီးဖြစ်သော်လည်း ရာသီဥတု…
-
ရေငန်မှရေချိုချက်ခြင်း
ထုတ်ယူသုံးစွဲမှု လွန်ကဲ၍ မြစ်ရေ၊ ကန်ရေ၊ မြေအောက်ရေများ လျော့နည်းလာနေခြင်း၊ ရာသီဥတု ပြောင်းလဲသဖြင့် အချို့ဒေသများ၌ မိုးရွာသွန်းမှုလျော့နည်းလာနေခြင်းတို့ကြောင့် သမားရိုးကျမဟုတ်သည့် ရေအရင်းအမြစ်များမှပါ ရေရယူရန်လိုအပ်လာနေသည်။ ဤအခြေအနေ၌ ကမ္ဘာတွင်အပေါများဆုံး ဖြစ်သော်လည်း သောက်သုံး၍မရသည့် ပင်လယ်ရေငန်များကို ရေချိုအဖြစ်ချက်လုပ်ပြောင်းလဲအသုံးပြုမှုများ အရှိန်ရလာလျက် ရှိသည်။ ရေထုထည်အပုံတစ်သန်းတွင် ကလိုရိုက်အပုံ ၁၀၀၀ နှင့် အထက်ပါလျှင် ရေငန်ဟု ခေါ်သည်။ အပုံ ၁၀၀၀ မှ ၃၀၀၀ အထိကို အငန်ဓာတ်နည်း၊ ၃၀၀၀ မှ ၁၀၀၀၀ အထိကို အငန်ဓာတ်အသင့်အတင့်နှင့် အပုံ ၁၀၀၀၀ ထက်ပိုလျှင် အလွန်ငန်သည်ဟု သတ်မှတ်သည်။ ပင်လယ်ရေတွင် ဆားဓာတ်အပုံ ၂၀၀၀၀ ခန့်ပါပြီး ရေချိုချက်စက်ရုံများသည် ဆားဓာတ်ကို အပုံ ၁၀၀ အောက်သို့ ရောက်အောင် လျှော့ချကြသည်။…
-
အစ္စရေးရေအရင်းအမြစ်
အစ္စရေးနိုင်ငံ၏တစ်နှစ်ပျမ်းမျှမိုးရေချိန်သည် ၂၁ လက်မမျှသာဖြစ်ရာ မြန်မာနိုင်ငံ ခြောက်သွေ့ဒေသ၏ မိုးရေချိန်နှင့်နီးစပ်သည်။ မြန်မာ့ ခြောက်သွေ့ဒေသ၌ ရေအခက်အခဲကြီးမားသည့်နည်းတူ အစ္စရေးတွင်လည်း ရေပြဿနာကြီးကြီးမားမားရှိခဲ့သည်။ ယခုအခါ မြန်မာတွင် ခြောက်သွေ့ဒေသ၌သာမက မိုးများသည့်ဒေသ အချို့တွင်ပါ ရေအခက်အခဲရှိနေသော်လည်း အစ္စရေးတွင်မူ ရေများပိုလျှံသည့် အခြေအနေသို့ ရောက်သွားပြီ။ သူတို့ ရေအရင်းအမြစ်ကိုဘယ်လိုစီမံသလဲ လေ့လာပြီး သိလာသည်ကို အတိုချုံး၍ မျှဝေပါသည်။ အစ္စရေးသည် ၁၉၄၈ ခုနှစ် မေလ၌ သီးခြားလွတ်လပ်သောနိုင်ငံဖြစ်လာခဲ့ရာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရချိန်နှင့် လပိုင်းသာကွာသည်။ သီးခြားနိုင်ငံ ထူထောင်ပြီး နှစ်နှစ်ကျော်အကြာတွင် နိုင်ငံရေဖူလုံရေးကို အလေးထား၍ အစ္စရေးအမျိုးသားရေပေးရေးအဖွဲ့(The National Water Carrier)ကို တည်ထောင်ကာ ဂလီလီရေချိုအိုင်မှ ရေများကို စတင်ပေးဝေသည်။ ဂလီလီမှရေများ၊ မြေအောက်ရေများစုစုပေါင်းတစ်ရက်လျှင် ရေကုဗမီတာ နှစ်သန်း ပေးနေရာမှ လူဦးရေများလာသဖြင့်…