ရေထဲရောက် ကာဘွန်ဒိုင်အောက်ဆိုက်

ရေသည် ဓာတ်ပစ္စည်းများပျော်ဝင်ရန် လွယ်ကူသော အရည်ဖြစ်၍ လေထုတွင်းသို့ များပြားစွာ ဝင်ရောက်လာသော ကာဘွန်ဒိုင်အောက်ဆိုက်တို့သည် ရေထုတွင်းသို့လည်း ပျော်ဝင်ရောက်ရှိကြသည်။ ကာဘွန်ဒိုင်အောက်ဆိုက်နှင့် ရေတို့ ရောနှောဓာတ်ပြုကြလျှင် ကာဗွန်နစ်အက်စစ် ဖြစ်လာသည်။ ရေနှင့်အရည်များတွင် အက်စစ်ပါဝင်မှုကို “ပီအိပ်ချ်”အမှတ်ဖြင့် တိုင်းတာသည်။ ပီအိပ်ချ် … Continue reading ရေထဲရောက် ကာဘွန်ဒိုင်အောက်ဆိုက်

သန္တာကျောက်တန်း

သန္တာကျောက်တန်း(coral reef)တို့တွင် အပင်နှင့်ငါးမျိုးစိတ် သန်းပေါင်းများစွာ တည်မှီနေထိုင်၍ မိုးသစ်တောများကဲ့သို့ ဇီဝမျိုးစိတ်အလွန်ကြွယ်ဝသော ဂေဟစနစ်တစ်မျိုး ဖြစ်သည်။ သန္တာကျောက်တန်း ထုထည်ပမာဏသည် ကမ္ဘာ့ရေထု၏ ၀ ဒသမ ၂၅ ရာနှုန်းမျှသာရှိသော်လည်း ငါးမျိုးစိတ်လေးပုံတစ်ပုံတို့ မှီခိုရှင်သန်ရာ ဖြစ်သည်။ သန္တာကျောက်တန်းများတွင်နေထိုင်သော … Continue reading သန္တာကျောက်တန်း

ဂေဟစနစ်နှင့် ဂေဟဗေဒ

ဂေဟစနစ်(ecosystem)ဆိုသည်မှာ နေရာတစ်ခု၌ အတူယှဉ်တွဲဖြစ်ပေါ်နေသည့် အပင်များ၊ သက်ရှိသတ္တဝါအမျိုးမျိုး၊ ယင်းနေရာရှိ ကျောက်တုံး မြေသား၊ အပူချိန် စိုစွတ်မှုစသည့် မိုးလေဝသအခြေအနေများကို စုစည်းခေါ်ဝေါ်သည်။ ဂေဟစနစ်အပါအဝင် သတ္တဝါများအချင်းချင်း၊ သတ္တဝါများနှင့် ရုပ်ဝတ္ထု သဘာဝပတ်ဝန်းကျင် ဆက်စပ်မှုများအား လေ့လာသည့် ဘာသာရပ်ကို … Continue reading ဂေဟစနစ်နှင့် ဂေဟဗေဒ

ကမ္ဘာ့အပူချိန်ဒီဂရီအနည်းငယ်တက်ရုံမျှဖြင့်

ကမ္ဘာ့အပူချိန်တက်ခြင်းသတင်းများ၊ ထုတ်ပြန်ချက်များတွင် ဒီဂရီဝက် တစ်ဒီဂရီ နှစ်ဒီဂရီ စသဖြင့် တက်ခြင်းကို ဘေးအန္တရာယ်ဟု အရေးတကြီးဖော်ပြနေကြရာ သာမန်တွေးပါက ယင်းမျှတက်ရုံဖြင့် ဘေးအန္တရာယ်ကြီးများ ကြုံရမည်ဆိုခြင်းသည် ဖြစ်နိုင်ပါမည်လောဟု မေးခွန်းထုတ်ဖွယ်ရာ ဖြစ်သည်။ အဆိုပါသံသယကို လူတိုင်းဖြစ်ဖူးကြသော ဥပမာနှင့် ချေဖျက်နိုင်သည်။ … Continue reading ကမ္ဘာ့အပူချိန်ဒီဂရီအနည်းငယ်တက်ရုံမျှဖြင့်