ဂျကာတာသင်ခန်းစာ

ညစ်ညမ်းသောလေထု၊ ဆိုးရွားလွန်းသည့် ယာဉ်ကြောပိတ်ဆို့မှု၊ ကျွံဝင်နေသော အဆောက်အအုံ စသည့် ပြဿနာများသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်၏ ဆက်လက်ရှင်သန်ရေးကို လက်ငင်းလက်တွေ့ ခြိမ်းခြောက်လျက် ရှိသည်။ ယင်းပြဿနာများအနက် စိုးရိမ်စရာအကောင်းဆုံးမှာ မြို့တော်တစ်ခုလုံးနီးပါး ရေအောက်ရောက်မည့်ဘေး ဖြစ်သည်။ ဂျကာတာ၏ ပထဝီအနေအထားကပင် … Continue reading ဂျကာတာသင်ခန်းစာ

မြစ်ဝကျွန်းပေါ်တစ်ခု ပေါ်ထွန်းခြင်း

လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀၀၀ ခန့်အထိ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဟူ၍ မရှိခဲ့ဘဲ ဧရာဝတီမြစ်ဝသည် ပြည်မြို့နေရာတွင် တည်ရှိခဲ့သည်။၊ နောက်ပိုင်းတွင် ယင်းနေရာ အောက်ပိုင်း၌ သဲခုံကြီးများ ပေါ်ထွန်းလာသည်၊ တွံတေး မြောင်းမြနှင့် ပုသိမ်မြို့ ဖြစ်လာမည့် … Continue reading မြစ်ဝကျွန်းပေါ်တစ်ခု ပေါ်ထွန်းခြင်း

ကမ်းခြေမြေဆုံးရှုံးမှုမှကာကွယ်ခြင်း

ရေစီးသန်သောမြစ်အချို့၏ကမ်းပါးတလျှောက် မြေပြိုသည်ကို ကိုယ်တိုင်သော်လည်းကောင်း၊ သတင်းများတွင်သော်လည်းကောင်း မြင်ဖူးကြသည်။ ကမ်းရိုးတန်းများတလျှောက် လှိုင်းဒဏ် ဒီရေဒဏ်တို့ကြောင့် မြေများ ပဲ့ပါကာ ပင်လယ်ထဲသို့ဆုံးရှုံးနေသည်ကိုမူ မြစ်ကမ်းပါးတလျှောက် မြေပြိုမှုလောက်အသိမများကြချေ။ ရာသီဥတုပြောင်းလဲ၍ ပင်လယ်ရေပြင်မြင့်တက်လာနေသဖြင့် ကမ်းရိုးတန်းမြေဆုံးရှုံးမှုသည် တစ်နှစ်ထက် တစ်နှစ် ပိုများလာနေသည်။ မြေဆုံးရှုံးမှုပမာဏသည် … Continue reading ကမ်းခြေမြေဆုံးရှုံးမှုမှကာကွယ်ခြင်း

ရာသီဥတုပြောင်းလဲမှု၏လက္ခဏာများ

နေရာဒေသတစ်ခု၏ မိုးလေဝသအခြေအနေကိုမေးလျှင် မိုးရွာနေသည်၊ လေတိုက်နေသည်၊ ပူသည်၊ အေးသည် စသည်ဖြင့်ပြောကြသည်။ ယင်း ‘မိုးလေဝသ’ဟူသောဝေါဟာရနှင့် နေရာအတော်များများ၌ တပူးပူးတတွဲတွဲ ရေးသားပြောဆိုနေကြသော စကားလုံးတစ်ခုမှာ ‘ရာသီဥတု’ ဖြစ်သည်။ အချို့က မိုးလေဝသနှင့်ရာသီဥတုတို့ကိုရောထွေးကာ အဓိပ္ပာယ်တူဟု ထင်မှတ်မှားတတ်ကြသည်။ ရာသီဥတုဆိုသည်မှာ … Continue reading ရာသီဥတုပြောင်းလဲမှု၏လက္ခဏာများ

ပင်လယ်ရေပြင်မြင့်တက်လာခြင်း

ကမ္ဘာ့ပင်လယ်ရေပြင်သည် ၁၉၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ၀ . ၂၀ မီတာမြင့်တက်ခဲ့သည်။ ၁၉၀၁ ခုနှစ်နှင့် ၁၉၇၁ ခုနှစ်အတွင်း တစ်နှစ်လျှင် ၁ . ၃ မီလီမီတာနှုန်း ၁၉၇၁ ခုနှစ်နှင့် … Continue reading ပင်လယ်ရေပြင်မြင့်တက်လာခြင်း

အန္တာတိကဒေသ

အန္တာတိကတိုက်(Antarctica)သည် ကမ္ဘာ့တောင်ဘက်စွန်းရှိ စတုရန်းကီလိုမီတာ ၁၄ သန်းကျယ်သော ရေခဲဖုံးကုန်းမြေဖြစ်သည်။ ဖုံးနေသောရေခဲထုသည် လေးမိုင်အထိထူကာ ကမ္ဘာပေါ်တွင် အကျယ်ဝန်းဆုံးရေခဲလွှာအဖြစ် တည်ရှိသည်။ ယင်းရေခဲလွှာရှိ ရေချိုပမာဏသည် ကမ္ဘာပေါ်ရှိ ရေချိုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည်။ အန္တာတိကတိုက်၏အပူချိန်သည် နှစ်တစ်နှစ်၏ … Continue reading အန္တာတိကဒေသ

ပင်လယ်မှရေချိုအိုင်သို့

နယ်သာလန်နိုင်ငံ၏ အနောက်မြောက်ထောင့်တွင် ကုန်းတွင်းပိုင်းအထိ ပအက္ခရာပုံဖြင့် တိုးဝင်တည်ရှိနေသော Zuiderzee အမည်ရှိ ပင်လယ်ကြီးတစ်ခု ရှိခဲ့သည်။ ယင်းပင်လယ်နှင့် ထိစပ်နေသော ဒေသများသည် မုန်တိုင်းထန်သောအခါများတွင် ပင်လယ်ရေ၏ လွှမ်းမိုးဖျက်ဆီးမှုကို ခံခဲ့ရသည်။ ယင်းအဖြစ်မျိုးကို ပင်လယ်ဝ၌ တာရိုးဆောက်၍ ကာကွယ်ရန် … Continue reading ပင်လယ်မှရေချိုအိုင်သို့