
ဧရာ၀တီ မြစ်ဖျားပိုင်း ဖြစ်သော တိဘက်ကုန်းမြင့်တွင် တစ်စက္ကန့်လျှင် ကုဗမီတာ ၂၀၀၀ နှုန်းဖြင့် စီးပြီး ကပ္ပလီပင်လယ်ထဲသို့ တစ်စက္ကန့်လျှင် ကုဗမီတာ ၁၃၀၀၀ နှုန်းဖြင့် စီးဝင်သည်။ ရာသီအလိုက်ပြောရလျှင် မိုးရာသီတွင် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၅၀၀၀ ခန့်ရှိပြီး နွေ၌ တစ်စက္ကန့်လျှင် ကုဗမီတာ ၄၀၀၀ ခန့်သာ စီးဆင်းသည်။ ဧရာ၀တီ အလယ်ပိုင်းနှင့် အောက်ပိုင်းရှိ ဇလဗေဒစခန်းများ၏ တိုင်းတာချက်အရ ဧရာ၀တီမြစ်၏ ပျမ်းမျှ တစ်နှစ်ရေစီးပမာဏသည် ကုဗကီလိုမီတာ ၄၁၀ ခန့်ရှိသည်။
ရေရှည်တွင် မိုးများလာနိုင်သောကြောင့် ဧရာ၀တီမြစ်ဝှမ်း၏ မြေပေါ်မြေအောက်ရေပမာဏ (TWS)သည် များလာမည်ဟု ယူဆနိုင်သည်။
Keyword: ဧရာ၀တီ
ကိုးကား – Spatio-temporal changes in terrestrial water storage in the Himalayan river basins and risks to water security in the region: A review by Mohammad Shamsudduh, Dileep K.Pandac