မြစ်ပြင်များ၏ အကျယ်အဝန်း

မြစ်တစ်စင်း၏ အချက်အလက်ကို ပြောဆိုကြရာ၌ မြစ်၏ အရှည်၊ အချိန်ယူနစ် တစ်ခုအတွင်း စီးဆင်းသည့် ရေထုထည်တို့ကို ဖော်ပြလေ့ရှိသည်၊ မြစ်ပြင်၏ အကျယ်အဝန်းသည် အရေးပါသော အချက်တစ်ခု ဖြစ်သော်လည်း ယင်းကို တိုင်းတာ ဖော်ပြခြင်း နည်းပါးသည်၊ အကြောင်းများအနက် အချို့မှာ မြစ်၏ အစိတ်အပိုင်းအချို့သည် ဝေးလံခေါင်သီ၍ သွားရောက် တိုင်းတာရန် မလွယ်ကူခြင်း၊ မြစ်ပြင်၏ အကျယ်အဝန်းသည် ရာသီကို လိုက်၍ ပြောင်းလဲသဖြင့် တသမတ်တည်း ရှိမနေသောကြောင့် ဖြစ်သည်။

အမေရိကန် ပညာရှင်များ ဖြစ်ကြသော George Allen နှင့် Tamlin Pavelsky တို့သည် Landsat ဂြိုဟ်တုမှပေးပို့သော ဓာတ်ပုံပေါင်း ၇၃၀၀ ၏ အကူဖြင့် ၂၀၁၈ ခုနှစ်က ကမ္ဘာ့မြစ်များ၏ ပျမ်းမျှအကျယ်ကို တိုင်းတာ ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းတိုင်းတာချက်များအရ သိလာရသည်မှာ ကမ္ဘာ့မြစ်များ အားလုံး၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်း ကီလိုမီတာ ၇၇၃၀၀၀(စတုရန်းမိုင် ၃၀၀၀၀၀)ခန့် ရှိကြောင်း သိရသည်။ ယင်းအကျယ်အဝန်းသည် ရေခဲမဖုံးသော ကမ္ဘာ့ မြေမျက်နှာပြင်၏ ၀ . ၅ ရာခိုင်နှုန်းခန့် ရှိသည်။

အောက်ပါပုံသည် မြစ်ပြင် ဧရိယာ အကျယ်အကျဉ်းကို လိုင်းအထူအပါးဖြင့် ပြထားသည်။

အောက်ပုံတွင် မြစ်ပြင်ဧရိယာ အနည်းအများကို အရောင် အနုအရင့်ဖြင့် ခွဲ၍ ပြသည်။

ကမ္ဘာတွင် အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်ကို ဖြတ်စီးသော ဗြဟ္မပုတ္တရမြစ်၊ တောင်အမေရိကတိုက် အယ်မဇုန်မြစ်နှင့် ရုရှားနိုင်ငံ လီနာ(Lena)မြစ်တို့သည် မြစ်ပြင်အကျယ်ဆုံး မြစ်များ ဖြစ်ကြသည်။

မြန်မာနိုင်ငံသည် မြစ်မျက်နှာပြင်ဧရိယာ များသော ဒေသများထဲ၌ ပါနေကြောင်း ပုံများအရ သိနိုင်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s