ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေး

စကော့တလန်နိုင်ငံ ဂလပ်စဂိုမြို့၌ ရက်သတ္တနှစ်ပတ်ကြာပြုလုပ်ခဲ့သော COP 26 ခေါ် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေးသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က အောက်ပါ အဓိကသဘောတူညီချက် သုံးခုကို ချမှတ်၍ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။

၁ – ကမ္ဘာ့အပူချိန်ကို စက်မှုတော်လှန်ရေးခေတ်မတိုင်မီကထက် ၁ . ၅ စင်တီဂရိတ် ပိုမတက်အောင် ထိန်းထားနိုင်ရေး လာမည့်နှစ်တွင် ထပ်မံစည်းဝေးကြဖို့ သဘောတူကြသည်။

၂ – ကျောက်မီးသွေး အသုံးလျှော့ချရန် ပထမဆုံးအကြိမ် သဘောတူကြသည်။

၃ – ဖွံ့ဖြိုးဆဲနိုင်ငံများအား ငွေကြေးအကူအညီပိုပေးရန် သဘောတူကြသည်။

ကမ္ဘာ့အပူချိန်ကို စက်မှုတော်လှန်ရေးခေတ်မတိုင်မီကထက် ၁ . ၅ စင်တီဂရိတ် ပိုမတက်အောင် ထိန်းထားနိုင်ရေးအတွက် တိကျသောဆုံးဖြတ်ချက်ကို အစည်းအဝေးတွင် ချမှတ်နိုင်မည်ဟု အကောင်းမြင်သူများက မျှော်လင့်ခဲ့ကြသော်လည်း ယင်းသို့ ဖြစ်မလာပေ။

ကျောက်မီးသွေးအသုံးလျှော့ချရန် ပထမဆုံးအကြိမ် သဘောတူကြခြင်းမှာမူ သိသာသော တိုးတက်မှုတစ်ခု ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအား ငွေကြေးအကူအညီပိုပေးရန် သဘောတူကြခြင်းမှာလည်း ကြိုဆိုသင့်သည်။

ဆက်လက်လေ့လာရန် ကမ္ဘာ့အပူချိန် အနည်းငယ်တက်ရုံမျှဖြင့်

One thought on “ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s