မြေအောက်ရေ၏အခြေခံသဘော

အထက်ပါပုံသည် မြေအောက်ရေ၏သဘောသဘာဝကို ရှင်းပြရာ၌ ကောင်းစွာအထောက်အကူပြုသောပုံ ဖြစ်သည်။ (သို့သော် ယင်းပုံသည် သရုပ်ပြပုံသာဖြစ်၍ နေရာတိုင်း၌ ဤအတိုင်းတွေ့ရမည်ဟု မှတ်ယူရန်မဟုတ်ပါ။)

မြေလွှာကို အပေါ်ယံမြေဆီလွှာ(Top Soil)၊ မြေဆီလွှာ၏အောက်ရှိ ကြေမွဇုန်(Weathered Zone)ဟူ၍ နှစ်ပိုင်းခွဲထားသည်။

မြေဆီလွှာတွင် အဓိကပါဝင်သော ရွှံ့လုံးများကြား၌ ရေရှိသော်လည်း ဖြည်းညင်းစွာ ရွေ့လျားသည်။ ကြေမွဇုန်တွင် သဲလုံးများ ကျောက်ကျိုးအကြေအမွများ အဓိကပါဝင်သဖြင့် ယင်းတို့ကြားတွင် ရေရွေ့လျားစီးဆင်းရန် လွယ်ကူသည်။ ရွေ့လျားရန် လွယ်ကူသောရေများ စုစည်းတည်ရှိနေသည်ကို မြေအောက်ရေကြော(Aquifer)ဟု ခေါ်သည်(အပြာရောင်ဖြင့်ပြထား)။

မြေအောက်ရေကြောများသည် တစ်ခုနှင့်တစ်ခုဆက်စပ်နေနိုင်သကဲ့သို့ သီးခြားစီလည်း တည်နေနိုင်သည်။ သီးခြားရေကြောမှ ရေထုတ်ယူလျှင် အကုန်မြန်သည်။ ပုံတွင် မြေလွှာအက်ကြောင်းများကြားမှ ရေစိမ့်ဝင်ရွေ့လျားကာ ရေကြောတစ်ခုနှင့်တစ်ခု ဆက်စပ်နေကြောင်း မြင်နိုင်သည်။

ဤပုံတွင် ရေကန်မှရေများ မြေသားထဲသို့ စိမ့်ဝင်နေသည်ကို တွေ့နိုင်သည်။ ထိုသို့စိမ့်ဝင်နေသည်ကို သဘာဝအလျောက် မြေအောက်ရေပြန်ဖြည့်သည်(Natural Recharge) ဟု ခေါ်သည်။ ဥပမာ ရန်ကုန် အင်းယားကန်မှ ရေများသည် လမ်းတစ်ဖက်တစ်ချက်ရှိ မြေအောက်ရေကြောအချို့သို့ စိမ့်ဝင်စီးဆင်းနေသဖြင့် ယင်းရေကြောများမှ ရေသုံးစွဲနေသူများသည် အင်းယားကန်ရေအချို့ကို သုံးစွဲနေခြင်းပင် ဖြစ်သည်။

အနက်ပေ ၁၀၀ ခန့်ထက်မပိုသောမြေအောက်ရေကြောကို အတိမ်ပိုင်းရေကြော(Shallow Aquifer)ဟုခေါ်သည်။ အတိမ်ပိုင်း မြေအောက်ရေကြောများမှ လက်တူးတွင်း၊ စက်ရေတွင်းအတိမ်များဖြင့် ရေ အလွယ်တကူ ထုတ်ယူနိုင်သည်။

သို့သော် အတိမ်ပိုင်း မြေအောက်ရေကြောထဲသို့ အညစ်အကြေးကန်များ(Soak Pits)မှ အညစ်အကြေးများ စိမ့်ဝင်ရောနှောရန်လည်း လွယ်ကူသည်။ ယင်းသဘောတရားကို မြင်သာရန် ပူးတွဲပုံငယ်ဖြင့် ပြထားသည်။

ကြေမွဇုန်၏အောက်ဘက်တွင် အနက်ပိုင်းရေကြောများ(Deep Aquifer)ရှိသည်။ အနက်ပိုင်းရေကြောမှ ရေထုတ်ယူလိုလျှင် စက်ရေတွင်း(Bore Well)များဖြင့် ထုတ်ယူကြသည်။ အနက်ပိုင်းရေကြောသို့ အညစ်အကြေးစိမ့်ဝင်ရန် မလွယ်။

ပူးတွဲပုံသည် ရေဖြည့်တွင်းစနစ်(Recharge Well)သရုပ်ပြပုံဖြစ်သည်။ အတိမ်ပိုင်းရေကြောကို ဖြည့်ပေးသောရေများသည် ယင်းရေကြောနှင့် ဆက်စပ်သော အနက်ပိုင်းရေကြောများထဲသို့လည်း ရောက်သွားနိုင်သည်။

အနက်ပိုင်းရေကြောများထဲသို့ စက်ရေတွင်းများဖြင့်လည်း မိုးရေများ ဖြည့်ပေးနိုင်သည်။

အထက်ပါရှင်းလင်းချက်များကို ပိုမိုသဘောပေါက်လာရန် ခြောက်မိနစ်ကြာ ဤဗီဒီယိုကို ရှုစားစေလိုပါသည်။ Click Here

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s