မြန်မာ့ကမ်းရိုးတန်းဒေသအတွက်ရေလှောင်ကန်

ရေအခက်အခဲတွေ့နေသောဒေသများတွင်ပင်လယ်ရေပြင်ကို မြင်နေရသော်လည်း သောက်သုံးရေအတွက် ရပ်ဝေးရပ်နီးမှရေကို မှီခိုအားကိုးရသည့် မြန်မာ့ကမ်းရိုးတန်းမြို့ရွာများလည်း ပါဝင်သည်။

အဆိုပါမြို့ရွာများအတွက် ကမ်းရိုးတန်းရေလှောင်ကန်တည်ဆောက်ရန် ဖြစ်နိုင်သည့်နေရာများကို ရှာဖွေ ဖော်ထုတ် တည်ဆောက်ပေးသင့်သည်။ ကမ်းရိုးတန်းရေလှောင်ကန်သည် နိုင်ငံ့အခြေအနေနှင့် လိုက်လျောညီထွေ ရှိသည့်အပြင် မိုင် ၁၂၀၀ ခန့်ရှည်လျားသည့် မြန်မာ့ကမ်းရိုးတန်းတွင် ယင်းကန်မျိုး ဆောက်လုပ်နိုင်သည့်နေရာ အများအပြားရှိသော်လည်း လက်တွေ့ ဖော်ထုတ်အသုံးချခြင်းမရှိသေးပေ။

Marina Barrage

ကမ်းရိုးတန်းဟိုတယ်နှင့် အပန်းဖြေစခန်းများတွင်လည်း ကမ်းရိုးတန်းရေလှောင်ကန် တည်ဆောက်ရန် စဉ်းစားသင့်သည်။ ကမ်းခြေများတွင်သာမက ကျွန်းများပေါ်တွင်ပါ ယင်းကန်မျိုးတည်ဆောက်ရန် သင့်လျော်သော နေရာများရှိရာ အကောင်အထည်ဖော်ပါက သောက်သုံးရေအတွက် သာမက ရေကူး၊ လှေလှော်၊ ရွက်လွှင့် စသည့် အပန်းဖြေ အားကစားများကိုပါ ပူးတွဲလုပ်ဆောင်နိုင်သည်။ ယင်းရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသည့် စင်ကာပူMarina Barrage ကမ်းရိုးတန်းရေလှောင်ကန်ကိုနမူနာယူသင့်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s