ရေချိုချက်စက်ရုံနှင့်မြန်မာ

ဖူးခက်ရှိ ရေချိုချက်စက်ရုံငယ်တစ်ခု

ထိုင်းနိုင်ငံ ဖူးခက်၊ စမွီစသည့်ကျွန်းများတွင် မြေပေါ် မြေအောက် ရေအရင်းအမြစ် ကြွယ်ဝသော်လည်း လာရောက် အပန်းဖြေသည့် ကမ္ဘာလှည့်ခရီးသည် အလွန်များလှသဖြင့် ရေလောက်ငစွာ ပေးနိုင်စေရန် ရေချိုချက် စက်ရုံငယ်များကို တည်ဆောက် လည်ပတ်နေရသည်။

မြန်မာနိုင်ငံတွင်လည်း တနင်္သာရီတိုင်းဒေသကြီး ကမ်းလွန်ကျွန်းတစ်ကျွန်းတွင် တည်ဆောက်မည့် ဟိုတယ် လုပ်ငန်းတစ်ခုအတွက် ရေချိုချက်စက်ရုံ တည်ဆောက်ရန် စီစဉ်နေသည်ဟု သိရသည်။ တနင်္သာရီဒေသသည် ထိုင်းကမ်းခြေများကဲ့သို့ပင် ရေအရင်းအမြစ်ပေါများသော်လည်း တစ်ချိန်၌ မလွဲမသွေ ထွန်းကားလာမည့် ဟိုတယ်နှင့် အပန်းဖြေစခန်းများ၏ ရေလိုအပ်ချက်အတွက် ရေချိုချက်စက်ရုံများ တည်ဆောက်ခြင်းသည် မှန်ကန်သောစီမံချက်ဖြစ်သည်။

၂၀၂၀ မေလကထွက်ပေါ်ခဲ့သောသတင်းအရ ထိုင်းနိုင်ငံ စက်မှုဇုန်များအားလုံးအတွက် တစ်ရက်လျှင် ကုဗ မီတာ သုံးသိန်း(ဂါလန်သန်း ၈၀)ခန့်ထုတ်ပေးနိုင်သည့် ရေချိုချက်စက်ရုံဆောက်ရန် စီစဉ်နေသည်။ ထိုင်းစက်မှုဇုန်တစ်ခုဖြစ်သည့် မက်တာဖွတ်၌ ရေချိုချက်စက်ရုံအချို့ ရှိပြီးဖြစ်သော်လည်း ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးနည်းသောနှစ်များတွင် စက်မှုဇုန်အားလုံး၌ ရေမပြတ်စေရန် ကြိုတင်စီမံခြင်း ဖြစ်သည်။

တည်ဆောက်ရန်စိုင်းပြင်းနေသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်အတွက်လည်း ရေချိုချက်စက်ရုံ မရှိမဖြစ် လိုအပ်သည်ဟု မြင်သည်။ အရှေ့တောင်အာရှ၌ အကြီးဆုံးဖြစ်လာမည့် ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် စက်မှုဇုန်အတွက် ရေလိုအပ်ချက်လည်း အလွန်များမည်ဖြစ်ရာ ထားဝယ်ဒေသရှိ မြေပေါ်မြေအောက် ရေများဖြင့် ရေတိုတွင် လုံလောက်သည် ထားဦး၊ ရာသီဥတု ပြောင်းလဲလာနေသော အချက်ကိုထည့်တွက်လျှင် ရေရှည်၌ အဆင်မပြေနိုင်ပေ။

ဤအချက်ကိုစဉ်းစားမထားလျှင် ထားဝယ်ဒေသတွင်လည်း ရေအရင်းအမြစ်များ လျော့နည်း၊ လုပ်ငန်းကြီးများ အတွက် လည်း ရေအခက်အခဲဖြစ်လိမ့်မည်။

ထို့ကြောင့် ပေါများနေသေးသော်လည်း အကန့်အသတ်ရှိသည့် ဒေသတွင်း ရေအရင်းအမြစ်များကို ထားဝယ် ရေနက်ဆိပ်ကမ်းနှင့်စက်မှုဇုန်အတွက် အတိုင်းအတာတစ်ခုအထိသာ သုံးစွဲခွင့်ပေးပြီး ကျန်သည့် ရေလိုအပ်ချက်အတွက် သုံး၍မကုန် ယူ၍မခန်းနိုင်သည့် ပင်လယ်ရေမှ ရေချိုချက်လုပ်ကြရန် ကြိုတင် ညှိနှိုင်းထားသင့်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s