ရေညစ်ညမ်းခြင်းဆိုသည်မှာ

ရေညစ်ညမ်းသည်ဆိုရာတွင် ရေသည် နောက်ကျိကာ အနည်နှင့် အမှိုက်သရိုက်များ ပါဝင်ရောနှောနေသည် ကိုသာ ဆိုလိုခြင်းမဟုတ်၊ လူတို့ကို ရောဂါရစေ သေကြေစေရုံသာမက ရေနေသတ္တဝါများ၏ ရှင်သန်မှုကို ထိခိုက်ကာ အဏ္ဏဝါဂေဟစနစ်ကြီးတစ်ခုလုံးကိုပါ ယိုယွင်းစေသော ပိုးမွှား အနည်အမှုန်၊ အရည်နှင့် ဓာတ်ပစ္စည်းအမျိုးမျိုးတို့ ရောယှက်နေခြင်းကို ခေါ်သည်။

ရေညစ်ညမ်းမှုရှိမရှိ သောက်သုံးရန် သင့်မသင့် သိနိုင်ရန် ရေတွင် လုံးလုံးမပါသင့်သည့် သို့မဟုတ် အများဆုံး ပါသင့်သည့် ပိုးမွှားနှင့် ဓာတုဇီဝပစ္စည်းများ၏ ပမာဏကို သတ်မှတ်၍ ယင်းပမာဏထက် ကျော်လွန်မှု ရှိမရှိကို စစ်ဆေးလေ့ရှိကြသည်။

လူနှင့်တိရစ္ဆာန်တို့၏မိလ္လာအညစ်အကြေးများ ရေတွင် ပါမပါ စစ်ဆေးရာတွင် အီးကိုလိုင် E. coli ခေါ် ဘက်တီးရီးယားတစ်မျိုးပါဝင်နေမှုကို အဓိကစစ်ဆေးကြသည်။

မိလ္လာအညစ်အကြေးများ၊ ဓာတ်မြေသြဇာအအကျန်စသည်တို့ပါမပါ ညွှန်ပြသည့် အခြားကိန်းတစ်ခုမှာ နိုက်ထရိုဂျင်ဓာတ်ပေါင်းများဖြစ်သည်။ နိုက်ထရိတ်၊ နိုက်ထရိုက်စသည့် နိုက်ထရိုဂျင်ဓာတ်ပေါင်းများသည် မတည်ငြိမ်သော သဘာဝရှိသည်။ နိုက်ထရိတ်သည် လူ့မိလ္လာအပြင် စိုက်ခင်းများမှရေထုထဲရောက်လာသည့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အကြွင်းအကျန်များတွင် ပါဝင်သည်။ ညစ်ညမ်းရေတွင်ပါသော နိုက်ထရိတ်ကို ငါးစသောရေသတ္တဝါတို့က စားပြီး ယင်းငါးတို့ကို ထပ်ဆင့်စားသော လူတို့၏ကိုယ်တွင်းသို့ ဝင်ရောက်သောအခါ နိုက်ထရိုက်အသွင်သို့ ပြောင်းသည်။ နိုက်ထရိုက်ကြောင့် လူတို့၏သွေးဆဲလ်များ အောက်ဆီဂျင် သယ်ယူနိုင်စွမ်းလျော့ပါးသဖြင့် ဦးနှောက်သို့ အောက်ဆီဂျင် အရောက်နည်းသည်။ ဦးနှောက် စွမ်းရည်ကျဆင်းခြင်း၊ မောပန်းလွယ်ခြင်း၊ စသည်တို့ကို ခံစားရသည်။ နိုက်ထရိုဂျင် ဓာတ်ပေါင်းလွန်ကဲသောရေကို သောက်ပါက အထူးသဖြင့် ကိုယ်ဝန်ဆောင်နှင့်မွေးစကလေးများ၏ ကျန်းမာရေး ထိခိုက်သည်။

ရေညစ်ညမ်းသည်ဆိုရာတွင်ရေသည်နောက်ကျိကာ အနည်နှင့်အမှိုက်သရိုက်များ ပါဝင်ရောနှောနေသည် ကိုသာ ဆိုလိုခြင်းမဟုတ်၊ လူတို့ကို ရောဂါရစေ သေကြေစေရုံသာမက ရေနေသတ္တဝါများ၏ ရှင်သန်မှုကို ထိခိုက်ကာ အဏ္ဏဝါဂေဟစနစ်ကြီးတစ်ခုလုံးကိုပါ ယိုယွင်းစေသော ပိုးမွှား အနည်အမှုန်၊ အရည်နှင့် ဓာတ်ပစ္စည်းအမျိုးမျိုးတို့ ရောယှက်နေခြင်းကို ခေါ်သည်။

စိုက်ခင်းထွက်အညစ်အကြေးများတွင်ပါသည့် နိုက်ထရိတ်နှင့် ဖော့စဖိတ်စသည့် ဓာတ်များသည် ရေထဲရှိ အယ်လ်ဂျီခေါ် အပင်ငယ်စသည်တို့အတွက် အလွန်ကောင်းမွန်သောအာဟာရဖြစ်သည်။ ယင်းတို့ကို အယ်လ်ဂျီတို့က စားသုံးကြပြီး အလွန်အမင်းပေါက်ပွားလာကာ ရေပြင်သည် အစိမ်းရောင်ဖြစ်သွားသည်။ သေဆုံးသွားသော အယ်လ်ဂျီတို့ကို ရေထဲရှိ ဘက်တီးရီးယားတို့က ထပ်ဆင့်စားသုံးကြသည်။ အယ်လ်ဂျီနှင့် ဘက်တီးရီးယားတို့ လုပ်ဆောင်ချက်နှင့် ပူးတွဲဖြစ်ပေါ်သော ဓာတုဖြစ်စဉ်၌ ရေထဲရှိ အောက်ဆီဂျင် လျော့နည်းသွားကာ ရေနေသတ္တဝါတို့မရှင်သန်နိုင်ဘဲရေညစ်ညမ်းရသည်။

ရေညစ်ညမ်းမှုဗီဒီယို ရှုစားရန်

နိုက်ထရိတ်၊ ဖော့စဖိတ်စသည်တို့ထက် သဘာဝပတ်ဝန်းကျင်ကို ပို၍အန္တရာယ်ပြုသော ဓာတ်ပစ္စည်းများမှာ ပိုးသတ်ဆေးများတွင် ပါသော အော်လ်ဒရင်း၊ အယ်လ်ဒရင်းစသည့် ဓာတ်ပေါင်းများ ဖြစ်ကြသည်။ နိုက်ထရိတ်စသည် တို့သည် ရေထဲတွင်များစွာမကြာဘဲ ပြိုကွဲပျက်စီးသော်လည်း အော်လ်ဒရင်းစသော ဓာတ်အချို့သည်မူ တော်ရုံနှင့် ပြိုကွဲ ပြောင်းလဲ ပျက်စီးခြင်းမရှိဘဲ ရေထုကို ကြာရှည်ညစ်ညမ်းစေသည်။ ယင်းဓာတ်တို့ အများအပြားပါသောရေသည်လည်း ညစ်ညမ်းရေပင် ဖြစ်သည်။

ရေညစ်ညမ်းမှုကိုပြသည့်နောက်အညွှန်းကိန်းတစ်ခုမှာ ရေတွင် ဓာတ်ဆားအမျိုးမျိုး ပျော်ဝင်နေမှုကို တိုင်းတာသည့် လျှပ်စစ်စီးနိုင်မှု ဖြစ်သည်။ အထူးသဖြင့် ရေတွင်အငန်ဓာတ်ပါဝင်မှုကိုသိလိုလျှင် လျှပ်စစ် စီးနိုင်မှုကို အသုံးပြုသည်။ ဆားပျော်ဝင်မှုများသောရေကို သောက်လျှင် လူ့ကျန်းမာရေး၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစကလေးများ၊ ကလေးငယ်များ၏ ကျန်းမာရေးထိခိုက်သည်။

အောက်ဆီဂျင်ကိုစုပ်ယူ

ရေနေသတ္တဝါတို့ ရှင်သန်နိုင်ရန် ရေထဲတွင် အောက်ဆီဂျင်အလုံအလောက် ရှိဖို့လိုသည်။ ရေတစ်လီတာတွင် အောက်ဆီဂျင် အနည်းဆုံး ငါးမီလီဂရမ် ပျော်ဝင်နေရန်လိုအပ်သည်။ ရေထဲတွင် ပျော်ဝင်နေသော အောက်ဆီဂျင်သည် ငါးတို့ဥဥခြင်း၊ သားပေါက်ခြင်းစသည့်ဖြစ်စဉ်များတွင်လည်း အရေးပါသည်။ နိုက်ထရိတ် အပါအဝင် အချို့ဓာတ်ပေါင်းများသည် ရေထဲတွင်ပျော်ဝင်နေသည့် အောက်ဆီဂျင်များနှင့် ထိတွေ့ ဓာတ်ပြုခြင်းဖြင့် ရေထဲတွင် အောက်ဆီဂျင် လျော့နည်းကုန်ခန်းစေကာ ရေနေသတ္တဝါတို့ကို အန္တရာယ်ပြုသည်။ အလားတူ ရေထဲသို့ဝင်ရောက်လာသော သစ်ရွက်ဆွေးများနှင့် အပင်တို့၏ရုပ်ကြွင်းများ၊ နောက်ချေးစသည့် တိရစ္ဆာန်စွန့်ပစ် အညစ်အကြေးများ၊ လူ့မိလ္လာစသည့် အော်ဂဲနစ်ပစ္စည်းများ ပါလာလျှင် ယင်းတို့ကို ရေထဲရှိ ဘက်တီးရီးယားနှင့် အခြားပိုးကောင်ငယ်များက ချေဖျက်စားသုံးကြရာ၌ ရေထဲရှိ အောက်ဆီဂျင်ကိုပါ တစ်ပါတည်းကုန်ခမ်းစေသဖြင့် ရေထုထဲတွင် အောက်ဆီဂျင်လျော့နည်းလာသည်။

ရေထဲတွင်ပါသည့် အချို့သောအပင်ငယ်များ သက်ရှိ ပိုးကောင်ငယ်များ ဇီဝရုပ်များနှင့် အော်ဂဲနစ် ဓာတ်ပေါင်းများက ဇီဝဓာတုနည်းဖြင့် ဓာတ်ပြု ဖယ်ရှားသည့် အောက်ဆီဂျင် ပမာဏကို ဇီဝဓာတု ဆိုင်ရာ အောက်ဆီဂျင် လိုအပ်မှုဟု အဓိပ္ပာယ်ရသည့် ဘီအိုဒီ BOD(Biochemical Oxygen Demand) ယူနစ်ဖြင့် တိုင်းတာသည်။ ရေတွင် ဘီအိုဒီကိန်းမြင့်မားလျှင် ယင်းရေ ညစ်ညမ်းနေသည်ဟု သိနိုင်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s