ရေဖြည့်တွင်းစနစ်တည်ဆောက်တူးဖော်ခြင်း

ရည်ရွယ်ချက်-လက်တူးတွင်းတိမ်များ၏ရေကြောကိုမိုးရေဖြင့်ဖြည့်ပေးရန်

ရေဖြည့်တွင်းစနစ်တွင် အဓိကအပိုင်းလေးပိုင်းပါသည်။

၁။ မိုးရေခံမျက်နှာပြင်

အိမ်အမိုး၊ တစ်ဖက်ရပ်အမိုး၊ မြက်ခင်း၊ မြေပြင်၊ ကွန်ကရစ်ပြင်စသည်များ။ ယင်းမျက်နှာပြင်များသည် အသင့်အတင့်သန့်ရှင်းသောမျက်နှာပြင်များဖြစ်ဖို့လိုပါသည်။

၂။ မိုးရေခံမျက်နှာပြင်မှရေဖြည့်တွင်းသို့မိုးရေသယ်ပို့စနစ်

ရေပိုက်၊ ရေသယောက်၊ မြေသားမြောင်း၊ အုတ်စီမြောင်းစသည်။ ယင်းတို့သည် အသင့်အတင့် သန့်ရှင်းဖို့လိုပါသည်။

၃။ ရေစစ်စနစ်

၃။ ရေစစ်စနစ်

နုန်းတား၊ ဆန်ကာစသည်။ မိုးရေနှင့်အတူပါလာသောသစ်ရွက် ခဲ ပလတ်စတစ်အစအနစသည့် အရွယ်ကြီး အရွယ်လတ်အမှိုက်များကို ဖယ်ထုတ်နိုင်လျှင် ရပါသည်။

၄။ ရေဖြည့်တွင်း

ရေဖြည့်တွင်းနေရာသည် အဆောက်အအုံကိုမထိခိုက်စေရန် ဖောင်ဒေးရှင်းနှင့်ဆယ်ပေခန့်၊ အညစ်အကြေးမဝင်နိုင်ရန် မိလ္လာကန်နှင့်အနည်းဆုံးပေ ၂၀ ခန့်ကွာဖို့လိုသည်။ လက်ရှိသုံးနေသောရေတွင်းနှင့် အနီးဆုံးနေရာဖြစ်သင့်သော်လည်း လက်ရှိတွင်း၏ခိုင်ခန့်မှုကို မထိခိုက်စေရန် ငါးပေနှင့်အထက်ခွာသင့်သည်။ ရေအဝင်လွယ်ရန် မိုးရေခံမျက်နှာပြင်ထက် နိမ့်ဖို့လိုသည်။

ရေဖြည့်တွင်းဂွေသည် အနည်းဆုံးနှစ်ပေအချင်းရှိသင့်ပြီး တွင်းအကျယ် အနည်းဆုံးသုံးပေခွဲခန့်ရှိသင့်သည်။ လက်ရှိသုံးနေသောတွင်း၏ အနက်အထိ တူးချရမည်။ သို့မဟုတ် လက်ရှိတွင်းရေကြောအပေါ်တွင် သဲလွှာ၊ သဲဆန်သောမြေ စတွေ့ပါက ယင်းအနက်အထိ တူးရမည်။ သဲမြေအထိရောက်မှ မိုးရေစိမ့်ဝင်နိုင်သည်။

တွင်းအောက်ခြေကိုပိတ်မထားရပါ။ ဂွေတစ်ခုနှင့်တစ်ခုအကြား အသေမပိတ်ဘဲ တေ့ဆက်ဆက်ထားခြင်းဖြင့် ရေစိမ့်ဝင်လွယ်အောင် ထားရသည်။ တေ့ဆက်ထားသဖြင့် အံချော်မကျအောင် ဂွေတစ်ဂွေချပြီးတိုင်း ဂွေပတ်လည်တွင် အုတ်ကျိုး ခဲကျိုးများအပြည့်ဖြည့်ပြီးမှ နောက်တစ်ဂွေထပ်ချပါ။ ဂွေတွင် တစ်လက်မခန့်ကျယ်သော အပေါက်ငယ်အချို့ ဖောက်ပေးထားလျှင် ပိုကောင်းသည်။ ယင်းသို့စီမံထားမှ တွင်းထဲဝင်သော မိုးရေများ တွင်းအောက်ခြေ၊ တွင်းဘေးတို့မှတဆင့် မြေအောက်ရေကြောသို့ အလွယ်တကူစိမ့်ဝင်နိုင်မည်။

ရေဖြည့်တွင်းထဲ အမှိုက်မဝင်စေရန်၊ တွင်းရေပြင်ကို စစ်ဆေးကြည့်ရှုနိုင်ရန်နှင့် တွင်းထဲ လူမတော်တဆ မကျစေရန် ရေဖြည့်တွင်း၏ထိပ်ကို သံဆန်ကာ၊ အပေါက်ပါသောကွန်ကရစ်အဖုံးတို့ဖြင့် ပိတ်ထားရမည်။

ရေဖြည့်စနစ်တစ်ခုလုံးကို အနည်းဆုံးတစ်နှစ်နှစ်ကြိမ် အမှိုက်နှင့်နုန်းများ ဖယ်ရှားခြင်းပြုလုပ်ရမည်။

အထက်ပါအချက်များမှာ ဘန်ဂလောအရပ်ဘက်အဖွဲ့အစည်းတစ်ခုက ထုတ်ဝေထားသော ရေဖြည့်တွင်းလမ်းညွှန်မှ ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်။ အခြားဒေသများတွင် ဆောက်လုပ်ထားသော ရေဖြည့်တွင်းများ၏သဘောကိုလည်း လေ့လာအသုံးချနိုင်ရန် ပူးတွဲထားပါသည်။ မိမိတို့၏ မြေကွက်အခြေအနေ၊ မြေသားသဘာဝစသည်တို့နှင့် ကိုက်ညီသောတွင်းများ တည်ဆောက်နိုင်ရန် ဖြစ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s