မြေအောက်ရေပြန်ဖြည့်ခြင်း

သာဓက(၁) အိန္ဒိယအိန္ဒိယသည် မိုးရေဖြင့်မြေအောက်ရေပြန်ဖြည့်ခြင်းကို တက်ကြွစွာလုပ်ဆောင်နေသောနိုင်ငံဖြစ်သည်။ မွမ်ဘိုင်းကဲ့သို့သောမြို့ကြီးတွင်ပင် မိုးရေကိုကျယ်ပြန့်စွာအသုံးချဖို့စီစဉ်နေသည်။ အချို့မြို့ကြီးများတွင် အဆောက်အအုံဆောက်လျှင် မိုးရေခံစနစ်ပါမှ ဆောက်ခွင့်ပေးသည်။ မိုးရေခံစနစ်တည်ဆောက်ခြင်းလက်စွဲ စာအုပ်များကိုထုတ်ဝေထားသည်။ တစ်မြို့လုံးတစ်ရွာလုံးအတွက်အပြင် တစ်အိမ်ချင်း မြေအောက်ရေ ဖြည့်ရာတွင် အထောက်အကူရစေသောပုံများကိုလည်း ဖြန့်ဝေကြသည်။

သာဓက(၂) ဘင်္ဂလားဒက်ရှ်ဘင်္ဂလားဒက်ရှ်သည်လည်း မြန်မာကဲ့သို့ မိုးကောင်းစွာရသော်လည်း အချို့အရပ်များတွင် နွေအခါရေရှားသည်။ ယင်းအခက်အခဲကို ယူနီဆက်အပါအဝင် အဖွဲ့အစည်းများ၏အကူကိုယူ၍ မိုးရေဖြင့်မြေအောက်ရေပြန်ဖြည့်သည့်စနစ်များ တည်ဆောက်ဖြေရှင်းနေကြပုံကို ပုံတွင်တွေ့နိုင်သည်။

သာဓက(၃) ထိုင်းထိုင်းနိုင်ငံ Ubon Ratchathani တွင် ထုတ်ယူသုံးစွဲတာများလွန်း၍ လျော့နည်းကျဆင်းသွားသော မြေအောက်ရေကြောကို ပြန်ဖြည့်ပေးသည့်စနစ်သရုပ်ပြပုံနှင့် တည်ဆောက်နေပုံကို မြင်နိုင်သည်။

သာဓက(၄) အမေရိကန်အမေရိကန်နိုင်ငံ ၀ါရှင်တန်ပြည်နယ်ရှိ ရေစိမ့်ကန်တစ်ခု။ ရေကောင်းစွာစိမ့်ဝင်နိုင်အောင်စီမံထားသည့် သဲလွှာ ကျောက်လွှာများ ကန်အောက်ခြေတွင်ရှိသည်။

သာဓက(၅) နယ်သာလန်ကိုယ်တိုင်သွားရောက်လေ့လာဖူးသော မြို့တော်အမ်စတာဒမ်သို့ ရေပေးသည့် Amsterdamse Waterleidingduinen။ ရိုင်းမြစ်ရေကိုစုပ်ယူ၍ စတုရန်းကီလိုမီတာ ၅၀ ခန့်ကျယ်သည့်သဲမြေပေါ်သို့ စိမ့်ဝင်စေသည်။ သဲလွှာများကိုဖြတ်စီးလာသောရေကို အောက်ခြေတွင်ခံယူ၍ ထပ်မံသန့်စင်ပေးဝေသည်။သဲပြင်ပေါ်စရောက်သည့်အချိန်မှ မြစ်ရေများဖြည်းညှင်းစွာစိမ့်ဝင်သွားရာ သဲလွှာအောက်ခြေ ရောက်သည်အထိ အချိန်သုံးလကြာသည်။ မြစ်ရေတွင်ပါသည့်အမှုန်နှင့်ဓာတ်ဆား အတော်များများကို သဲထုကစစ်ယူသန့်စင်လိုက်သည်။ ယင်းကိုထပ်မံသန့်စင်ပေးဝေသော ရေပမာဏသည် တစ်နှစ်လျှင် ကုဗကီလိုမီတာသန်း ၇၀ ကျော်သည်။

အဆိုပါနေရာကို အပန်းဖြေစခန်းတစ်ခုအဖြစ်လည်း ဖန်တီးထားသည်။

အလကားတော့မရ၊ တစ်နေ့ဝင်ကြေး မြန်မာငွေ ၂၅၀၀ ကျပ်ခန့်ပေးရသည်။

သာဓက(၆) တရုတ်နယ်သာလန်ပညာရှင်များ၏အကူအညီဖြင့် တည်ဆောက်ထားသော မြစ်ရေကို မြေအောက်သို့စိမ့်ဝင်စေကာ ပေကျင်းသို့ ပေးဝေသည့် စီမံကိန်း။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s