ရာသီဥတုစနစ်

ရာသီဥတုစနစ်(climate system)ဆိုသည်မှာ လေထု၊ မြေထု၊ ရေထု၊ ဇီဝထု(သက်ရှိအားလုံး)(biosphere)၊ ရေခဲထု(cryosphere)ဟူသော အစိတ်အပိုင်းငါးခုနှင့် ယင်းအစိတ်အပိုင်း ငါးခုအကြား တစ်ခုနှင့်တစ်ခု အချင်းချင်း အပြန်အလှန် ဆက်သွယ်နေကြသောစနစ်ကို ခေါ်သည်။ အချင်းချင်းအပြန်အလှန်ဆက်သွယ်လှုပ်ရှားမှုကြောင့် မိုးရွာ နေပူ လေတိုက်စသည့် မိုးလေဝသဖြစ်ရပ်များနှင့် နွေ မိုး ဆောင်း ရာသီဥတု စသည်များ ဖြစ်ပေါ်သည်။

ရာသီဥတုစနစ် လှုပ်ရှားလည်ပတ်သောစွမ်းအင်ကို နေရောင်မှရသည်။ ကမ္ဘာ့လေထုထဲပေါ်ကျရောက်သော နေရောင်၏အချို့အဝက်သည် အာကာသထဲပြန်ထွက်သွားပြီး အချို့သည် လေထုထဲဝင်သည်။ ဝင်လာသောနေရောင်စွမ်းအင်အချို့ကို လေထုက ရယူလိုက်ပြီး ကျန်နေစွမ်းအင်များ မြေထု ရေထု ရေခဲထုကို ရိုက်ခတ်သည်။ မြေထု ရေထု ရေခဲထုအပေါ် ကျရောက်သောနေရောင်စွမ်းအင်အချို့သည် လေထုကိုဖြတ်၍ အာကာသထဲပြန်ရောက်သည်။ ဇီဝထု၏ရှင်သန်မှုသည် လေထု၊ မြေထု၊ ရေထု၊ ဇီဝထု၊ ရေခဲထုတို့အပေါ်၌ တည်မှီသည်။

အထက်ပါဖြစ်စဉ်သည် အလွန်ရှုပ်ထွေးစွာ ဖြစ်ပျက်နေကာ ရာသီဥတုအပါအဝင် သဘာဝဖြစ်ရပ်များကို ထိခိုက်ပြောင်းလဲစေသည်။

အတိတ်ကမ္ဘာ့သမိုင်းတွင် လေထု၊ မြေထု၊ ရေထု၊ ရေခဲထု ပြောင်းလဲဖောက်ပြန်ခြင်းကြောင့် လူသားများအပါအဝင် ဇီဝထုကို ထိခိုက်မှုများ ရှိခဲ့သည်။ ယခုအခါ လူသားတို့ကြောင့် ရာသီဥတုပြောင်းလဲကာ လေထု၊ မြေထု၊ ရေထု၊ ရေခဲထုများအပေါ် ထိခိုက်သက်ရောက်နေသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s