
ဂရင်းလန်း(Greenland)ကျွန်းသည် ဒိန်းမတ်နိုင်ငံ ပိုင်ဆိုင်သောနယ်မြေ ဖြစ်သော်လည်း သီးခြားအစိုးရရှိသည်။ ၂ . ၁၆ စတုရန်းကီလိုမီတာ(စတုရန်းမိုင် ၈၃၆၀၀၀)ကျယ်ပြီး ကမ္ဘာ့အကြီးဆုံးကျွန်း ဖြစ်သည်။ လူဦးရေ ၅၀၀၀၀ ကျော် နေထိုင်သည်။ (ပူးတွဲပုံ၏ အလယ်ဘက် တြိဂံပုံကုန်းမြေသည် ဂရင်းလန်းကျွန်းဖြစ်ပြီး ဂရင်းလန်းကျွန်း၏ထိပ်ရှိ အဖြူကွက်သည် အာတိတ်ရေခဲပြင် ဖြစ်သည်။ ပုံအောက်ဘက်တွင် ကနေဒါ၊ အပေါ်ဘက်တွင် ရုရှားနှင့် ဥရောပမြောက်ပိုင်းတို့ကို တွေ့နိုင်သည်။)
ဂရင်းလန်းကျွန်း၏မြို့များတွင် မြို့တွင်း၌သာ ကားလမ်းရှိပြီး မြို့တစ်မြို့နှင့်ဆက်သွယ်သော ကားလမ်း ရထားလမ်းမရှိသဖြင့် လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘောစသည်တို့ဖြင့်သာ ဆက်သွယ်သွားလာရသည်။
ကားလမ်း ရထားလမ်းမရှိခြင်းမှာ ကျွန်းမျက်နှာပြင်၏ ၈၀ ရာခိုင်နှုန်းကို လေးကီလိုမီတာအထိထူသော ရေခဲပြင်က ဖုံးအုပ်ထားသောကြောင့် ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ဂရင်းလန်းရေခဲပြင် လျင်မြန်စွာ အရည်ပျော်လာနေရာ ၂၀၁၉ ခုနှစ်က ရေခဲတန်ချိန် ၅၃၂ ဘီလျံမျှဆုံးရှုံးခဲ့သည်။
ဂရင်းလန်းရေခဲပြင်အရည်ပျော်ခြင်းသည် ပင်လယ်ရေပြင်မြင့်တက်လာခြင်း၏ အဓိကအကြောင်းများအနက် တစ်ခုဖြစ်သည်။

One thought on “ဂရင်းလန်း”