
လက်ရှိ ရေလေလွင့် ဆုံးရှုံးမှု ထိမ်းသိမ်းရေးကို လုပ်ဆောင်ရာမှာ အရမ်း ပင်ပန်းပြီး risk များပါတယ်၊ ပင်ပန်းတာကတော့ စနစ်မကောင်းခဲ့တဲ့ ကာလ တစ်လျှောက်က database တွေ ပြန်စုရတာ (အခုထိ မတိကျသေးပါ)၊ distribution network အဟောင်းတွေကို JICA EXPERT များနဲ့တွဲပြီး on job training လုပ်တာတွေလည်း ငါးနှစ် ရှိပါပြီ၊ ဂျပန်လည်း ပန်း ကျနော်တို့လည်း ပန်းနေပါပြီ၊ risk တွေကတော့ policy မငြိမ်တာရယ်၊ public awareness မရှိတာရယ်၊ skill workers နဲ့ expert services မရှိတာတွေကြောင့် NRW reduction program က ထင်သလောက် ခရီးမပေါက် ဖြစ်နေကြရတယ်။
ဂျပန်မှာဆို JWWA က နေပြီးတော့ RSGM တွေ ချမှတ်တယ်၊ မြို့တိုင်း မြို့တိုင်းက ကိုယ့်ရေပေးရေး facilities နဲ့ လုပ်ရတာဆိုတော့ JWWA ရဲ့ standard ကို မဖောက်ဖျက်ရဘူး၊ ရေဖိုး ရေခ တိုးတာ၊ Major project plan ပြင်တာတို့ဆို Central Government ကို တင်လို့ အတည်ပြုမှ ပြောင်းလဲလို့ ရတယ်၊ ကျနော်တို့ဆီမှာလည်း အဲလို ဖြစ်ချင် ပြင်ချင်တာ၊ သို့သော် decision makers တွေက အသိခေါက်ခက် အဝင်နက် နေကြတယ်၊ ကျနော်တို့က အခု ရေပေးရေးစနစ်ကို JICA Master Plan အတိုင်း သွားနေကြတာ မှန်ပေမယ့် အချို့ ကိစ္စတွေမှာ management လွဲနေတယ်လို့ မြင်တယ်။
တကယ်ဆို စနစ်ကို ပြင်ဖို့ရာမှာ data base အရေးကြီးတယ်၊ စနစ်ကို ရပ်လိုက်ပြီး ပြင်တာ မဟုတ်တဲ့အတွက် Pl (performance indicator) data တွေလည်း တိကျဖို့ လိုမယ်၊ အဲဒါတွေ လုပ်ရင်းနဲ့ public service and awareness လည်း ဆက်တိုက် လုပ်ရမယ်၊ တစ်ဆက်တည်းမှာပဲ ကိုယ်ပိုင် ဘတ်ဂျက်၊ ချေးငွေ ဘတ်ဂျက်တွေနဲ့ Distribution system ကိုလည်း improvement ဖြစ်အောင် လုပ်ရမှာ၊ အခု လက်ရှိရေလေလွင့် ဆုံးရှုံးနေရတဲ့ အဓိက နှစ်ချက်ဖြစ်တဲ့ physical loss နဲ့ commercial loss ကို ပြုပြင် ထိမ်းကြောင်းရမှာ ဖြစ်ပါတယ်။
Physical loss အနေနဲ့ JICA EXPERT များနဲ့ Survey လုပ်ကြည့်တဲ့အခါမှာ…ကျနော်တို့ ရေပေးရေး စနစ်ဟာ နှစ်ပေါင်း ၉၀ လောက် ဖြစ်နေပြီ ဖြစ်လို့ အချို့ Transmission လိုင်းတွေဟာ အသစ် လဲသင့်နေပါပြီ၊ အခုဆို လဲသင့်တာ လဲပြီး အသစ် ချသင့်တာတွေလည်း တည်ဆောက်နေပါပြီ၊ network လိုင်း (service pipe line) တွေလည်း ပြင်သင့်တာ၊ အသစ် လုပ်သင့်တာတွေလည်း လုပ်နေလို physical lossကို တော်တော်လေး ထိမ်းထားနိုင်တယ်လိူ့ ဆိုရမယ်။
အဓိက ပြောချင်တာ လာပါပြီ၊ ကျနော်တို့ NRW reduction process ကို စိမ်ခေါ်နေတာကတော့ commercial loss ပါပဲ၊ ဟိုယခင်က ရေပေးရေးစနစ်က ရေဖိုးရေခကို ပုံသေ နှုန်းထားနဲ့ ကောက်ခံခဲ့ကြတယ်၊ ပြီးတဲ့ ဆယ်စုနှစ် နှစ်ခုလောက်က စပြီး ရေမီတာတွေ ပေါ်လာလို့ မြို့နယ်အချို့မှာ ရေမီတာတွေ လဲပြီး ယူနစ်စနစ်နဲ့ ကောက်ခံလာကြတယ်၊ အဲလို ပြောင်းလဲလာတဲ့ စနစ်ပေါ်မှာ policy ချမှတ်ပြီး လူတန်းစားမရွေး တစ်ပြေးညီ လုပ်ဆောင်သင့်တယ်၊ ဒါပေမယ့် ယခင် အစိုးရ လက်ထက်တွေတုန်းက နှုတ်မိန့်တွေ VIP တွေကြောင့် အခွန်လွတ်တွေ မီတာလွတ်တွေ အများကြီး ဖြစ်ခဲ့ရတယ်၊ ဒါ့အပြင် ခိုင်မာတဲ့ law မရှိတာကြောင့် မြို့နယ်တိုင်းမှာ illegal တွေ ပွနေတာပဲ၊ ဒါတွေကို ကျနော်တို့က jica expert တွေနဲ့ ပူးပေါင်းပြီး pilot area တွေ သတ်မှတ်ကာ systematically distribution network ဖြစ်အောင် on job training တွေ လုပ်ခဲ့ကြပါတယ်၊ japan, Cambodia သွားပြီးတော့လည်း training တွေ လုပ်ခဲ့ရပါတယ်၊ အဲလို လုပ်ခဲ့လို့လည်း ကျနော်တို့ အလွဲတွေ လုပ်နေတုန်းပဲ ဆိုတာ ပိုသိလာတာပေါ့ ဆရာ။
Physical loss ကတော့ Transmission မှာတော့ 2% လောက်ပဲ ရှိနိုင်မယ်၊ သူက အထိုက်အလျောက် pressure ရှိတော့ ပိုက်ပေါက်ရင် တန်းသိတယ်၊ AV ,WO နဲ့ branch valve တွေ မကောင်းလို့ ဖြစ်တာလောက်ပဲ ရှိတယ်၊ physical loss ရဲ့ ပြဿနာ အဖြစ်ဆုံးက service connection တွေကပဲ ဖြစ်ပါတယ်၊ သူက fitting joint တွေ များတဲ့အတွက် error အဖြစ်ဆုံးပဲ၊ နိုင်ငံတကာမှာ physical loss ရဲ့ 95% သည် house connection (service connection) တွေကပဲ ဖြစ်ကြပါတယ်။
ယခင် အစိုးရ လက်ထက်တွေတုန်းက နှုတ်မိန့်တွေ VIP တွေကြောင့် အခွန်လွတ်တွေ မီတာလွတ်တွေ အများကြီး ဖြစ်ခဲ့ရတယ်၊ ဒါ့အပြင် ခိုင်မာတဲ့ law မရှိတာကြောင့် မြို့နယ်တိုင်းမှာ illegal တွေ ပွနေတာပဲ
အိမ်တွေမှာ ဖွင့်ပြီး waste တွေကတော့ commercial loss ထဲ ပါသွားပါတယ်၊ သို့သော် ပြဿနာက နှစ်မျိုးရှိတယ်၊ ရေမီတာရှိတဲ့ လိုင်းဆိုရင် ရေမီတာ ကောင်းရင် customer က မီတာမှာ ကျသလောက်ခံရမယ်၊ ရေမီတာ မရှိတာ၊မကောင်းတာမျိုး ကျတော့ ပုံသေ (သို့) average နဲ့ ကောက်ရတော့ ဌာန နစ်နာတယ်။
အခု လက်ရှိ ရန်ကုန် ရေပေးရေး စနစ်မှာ ဖြစ်နေတာက ရေမီတာရှိ (မကောင်း)၊ ရေမီတာ မရှိ (ပုံသေနှုန်း)၊ ရေမီတာရှိ (မီတာကောင်း) သော်လည်း ဌာနဝန်ထမ်းများ အသုံးမကျ (မှန်မှန်မဖတ်)တဲ့အတွက် ဌာနက များစွာ ဆုံးရှုံးနေရပါတယ်၊လက်ရှိ ရန်ကုန် ရေပေးရေးက physical loss အနေနဲ့က transmission line မှာ မရှိပေမယ့် distribution line တွေ မှာတော့ တော်တော်များများ losses ရှိနေပါသေးတယ် လက်ရှိ physical loss က တစ်မြို့လုံးအနေနဲ့ဆို 20% ဝန်းကျင်မှာ ရှိပါသေးတယ်။
ရေမီတာ မတိုင်မီကို physical loss ၊ ရေမီတာ ကျော်သွားရင် commercial loss လို့ နားလည်ပါတယ်။ ဟုတ်ပါသလား။
အကြမ်းဖျင်းအားဖြင့် မှန်ပါတယ်၊ သို့သော် ရေမီတာ မတိုင်မီ ခိုးသွယ်တာမျိုးလည်း ရှိတတ်တော့ commercial loss ဖြစ်တာပါဘဲ။
Interview with U Aung Oo (YCDC)