ရန်ကုန်မြေအောက်ရေ မခမ်းခြောက်စေဖို့

[ မြေအောက်ရေပညာရှင် – (Hydrogeologist) ဦးမြင့်သိန်း(မောင်ကျေးရေ) နှင့် တွေ့ဆုံမေးမြန်းခြင်း

by ဒေါ်ခင်မျိုးသက် (VOA)

27.10.2019

ဦးမြင့်သိန်း။ ။ “ရန်ကုန်မြို့မှာ ၂၀၁၄ သန်းကောင်စာရင်း ကောက်တဲ့အနေအထားအရ ဆိုရင် လူဦးရေ ၅ သန်းကျော်ရှိတယ်။ အခုဆိုရင်တော့ ၆ သန်းကျော် လောက် ဖြစ်သွားပြီပေါ့။ အဲဒီမှာ လူဦးရေ ၅၀ % တဝက်လောက်က မြေအောက်ရေကို မှီခိုပြီးတော့ သောက်သုံးရေ အတွက် အားထားနေကြရတယ်။

မေး။ ။“အဲဒီတော့ ဒီမြေအောက်ရေက လုံလုံလောက်လောက်ရော ရှိပါသလားဆရာ။”

ဦးမြင့်သိန်း။ ။ “တရားဝင် ဘယ်သူမှ တွက်ချက်မထားဘူး။ ကျနော်ကတော့ ဝါသနာပါလို့ နဲနဲပါးပါး တွက်ချက်ထားတာ ရှိတယ်ဗျ။ မြေအောက်ရေကို ရန်ကုန်မြို့က မြန်မာဘုရင်တွေ လက်ထက် ၁၈၄၂ ခုနှစ် လောက်ကတည်းက သုံးတယ်။ အင်္ဂလိပ် ကိုလိုနီ လက်အောက် ကျတော့လည်း ဆက်သုံးတယ်။ သူတို့က ဥပဒေတွေ ဘာတွေ ပြဌာန်း ပြီးတော့ စံနစ်တကျနဲ့ ရေဘယ်လောက် ထွက်ရင် ဘယ်လောက် ထုတ်မယ်၊ အဲဒီလိုမျိုး မှတ်တမ်း မှတ်ရာတွေနဲ့ ရယ်၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ထုတ်သုံးလာတယ်ပေါ့လေ။ ဒီအရေးအခင်း ပြီးတဲ့ နောက်ပိုင်းမှာ အဲဒီလို စည်းမျဉ်းစည်းကမ်းတွေနဲ့ ထုတ်သုံးလာတာ မရှိတော့ဘူးဗျ။

၁၉၃၀ ခုနှစ်မှာ မြေအောက်ရေ ဥပဒေ ပြဌာန်းပြီးတော့ ရန်ကုန်မြို့မှာ ရေတွင်းတူးမယ် ဆိုရင် လိုင်စင်လျှောက်၊ ပြီးတော့ တူးခွင့်ပေး၊ သုံးစွဲခွင့်ပေး၊ ဘယ်လောက်ထွက်တယ်၊ ဘယ်လောက် မှတ်တမ်းတွေ ရှိတယ်၊ ရေက ဘယ်လောက်ရှိတယ်၊ ရေဂါလံ ဘယ်လောက် ထွက်တယ်၊ ဘယ်လောက် ထုတ်မယ်၊ အဲဒီလိုတွေ ရှိခဲ့တယ်ဗျ။ အဲဒါတွေက ၁၉၈၈ နောက်ပိုင်း မရှိတော့ဘူး။ လူဦးရေများလာတာနဲ့ အမျှ၊ တူးတဲ့ တွင်းအရေအတွက် တွေက များလာတယ်။ မြေအောက်ရေ သိုလှောင်မှု ပမာဏက ဘယ်လောက်ရှိတယ် ဆိုတာကို ဒီဘက်ပိုင်းမှာ ဘယ်သူမှ မကြည့်ကြတော့ဘူး။

မေး။ ။“ဆရာသုတေသနလုပ်ထားတဲ့ ပမာဏကရော ဘယ်လောက်ရှိပါသလဲဆရာ။”

ဦးမြင့်သိန်း။ ။“ကျနော် အလုပ်မထွက်ခင် ၁၉၉၀- ၉၁ လောက်က မဟာရန်ကုန်ကို water well data monitoring and researching (ရေတွင်းတွေအတွက် စောင့်ကြည့် တိုင်းထွာပြီး အချက်အလက် ကောက်ယူတာနဲ့ သုတေသန) လုပ်ခဲ့တယ်။ အဲဒီတုန်းက ရန်ကုန်မြို့မှာ တွင်းပေါင်း သုံးထောင်ကျော်ပဲ ရှိတယ်၊ တွက်ထား သလောက်ကတော့ ၁၉၉၀ – ၉၅ မတိုင်ခင်တုန်းက မြေအောက် ရေစိမ့်နှုန်း က ရေစီးဆင်းနှုန်းတွေက အတော်ကောင်းတယ်ဗျ၊ ၁၆ . ၇ လက်မ – တနှစ်ကို မြေအောက်ထဲကို မိုးရေက စိမ့်ဝင်တဲ့နှုန်းရှိခဲ့တယ်။ မြေအောက်ရေကို ဖြည့်တင်းတဲ့ recharge area အခု မင်္ဂလာဒုံနား တဝိုက်ကနေပြီးတော့ မြောက်ဘက်ကို ထောက်ကြန့်တို့ ဘာတို့လောက် အထိ အဲဒီနေရာတွေက မိုးရေတွေ စိမ့်ဝင်တဲ့နေရာတွေ အများကြီးရတယ်။ အခု အဲဒီနေရာတွေဟာ မြို့သစ်တွေ တိုးချဲ့တယ်၊ မြို့ပြရပ်ဝန်း တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ စက်ရုံအလုပ်ရုံ၊ လူနေအိမ်တွေနဲ့ ဖုံးလွှမ်းသွားတော့ ဇလဘူမိဗေဒအရ ပြောရင် ဘာဖြစ်လာသလဲ ဆိုတော့ အဲဒီနေရာတွေက impervious layers – မိုးရေ စိမ့်မဝင်နိုင်တော့တဲ့ နေရာတွေ ဖြစ်သွားတယ်။ မြေကြီးထဲကို မိုးရေ စိမ့်ဝင်တဲ့နှုန်းက နဲလာတယ်။

၁၉၉၅- ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာပျမ်းမျှ ရေစိမ့်နှုန်းက ၁၅ ကျော်ကျော် လောက်ပဲ ရှိတော့မယ်လို့ ခန့်မှန်းတယ်၊ တနှစ်ကိုပေါ့လေ။ ဒါပေမယ့်လို့ တွင်းအရေအတွက် များလာတယ်။ မြေအောက်ရေ level တွေ ကျတယ်။ အနီးစပ်ဆုံး ပြောရရင် ကျနော်တို့ ပြည်လမ်းက အရင်တုန်းက ပညာရေးတက္ကသိုလ်ဝင်းထဲက တကောင်းဆောင်တို့ ဘာတို့ ရှိတဲ့နေရာ မှတ်မိလိုက်မှာပါ လိပ်ခုံးကြီး ရှိတဲ့နားကလေ။ အဲဒီနားက တွင်းတွေ ဆိုရင် ကျနော်တို့ တက္ကသိုလ် ဆောက်ကတည်းက တွင်းတွေ၊ ၉၀- ၉၁ မှာ စစ်တမ်း ကောက်တုန်းက အဲဒီက တွင်းတွေရဲ့ ရေထွက်တွေက ၃ – ၄ သောင်း ရှိတယ်။ မြေအောက်ရေ level က ပေ ၂၀ ဝန်းကျင်မှာပဲ ရှိတယ်။ အဲဒီတွင်းတွေ နားမှာပဲ ပြီးခဲ့တဲ့ ၂၀၁၅ ဝန်းကျင်လောက်က ရေတွင်းတူးတော့ အဲဒီမှာ တွင်းကြီးပဲ- ၁၂ လက်မ ကို တူးတော့ အဲဒီမှာ ရေ level က ဘယ်လောက်ဖြစ်သွားသလဲ ဆိုတော့ ပေ ၄၀ ဖြစ်သွားတယ်။ ပေ ၂၀ ကနေ ပေ ၄၀ ဆိုတော့ ၁၀၀ % ကျသွားတာပေါ့နော်။ ကျနော်တို့ ရန်ကုန်မြို့မှာ ရေထွက်နှုန်းကောင်းတဲ့ အလုံတို့၊ ကြည့်မြင်တိုင်တို့ စမ်းချောင်းတို့လည်း အဲဒီလိုပဲဗျ။ ပေ ၁၀ ပေ – ၁၅ ပေ ရှိတဲ့ တွင်းတွေက အစိတ် သုံးဆယ် ဖြစ်သွားတယ်။”

စက်ရုံအလုပ်ရုံ၊ လူနေအိမ်တွေနဲ့ ဖုံးလွှမ်းသွားတော့ ဇလဘူမိဗေဒအရ ပြောရင် ဘာဖြစ်လာသလဲ ဆိုတော့ အဲဒီနေရာတွေက impervious layers – မိုးရေ စိမ့်မဝင်နိုင်တော့တဲ့ နေရာတွေ ဖြစ်သွားတယ်။ မြေကြီးထဲကို မိုးရေ စိမ့်ဝင်တဲ့နှုန်းက နဲလာတယ်။

မေး။ ။“ဒီ မြေအောက်ရေ level မကျတဲ့တွင်းတွေကျတော့ရောဆရာ”

ဦးမြင့်သိန်း။ ။“အဲဒီတွင်းတွေက ရေငံတွေ ဝင်လာတာကို။ ဥပမာ ကြည့်မြင်တိုင် အောက်လမ်းမကြီးရဲ့ အနောက်ဖက်ခြမ်း၊ အလုံ တွင်းတွေ ဆိုရင် ရေ level တော့ မကျဘူး။ ဘာလို့မကျလည်း။ ရေငံဝင်လာတော့ ရေငံက ပြန်ဖြည့်သွားတယ်။ ရေချိုက မဖြည့်နိုင်တော့ဘူး။ ဘာလို့ မဖြည့်နိုင်လည်း ဆိုတော့ ခုနပြောတဲ့ မြေအောက်ရေကို ဖြည့်တင်းတဲ့ မိုးရေက ခုန ရန်ကုန်မြို့ရဲ့ မြောက်ဖက်ခြမ်းကျနော် ပြောတဲ့ နေရာတွေက အဆောက်အဦးတွေနဲ့ ဖုံးလွှမ်းသွားတယ်။ မြေအောက်ရေစိမ့်နှုန်း ရပ်ဝန်းက နဲသွားတယ်။ အဲဒီတော့ ရန်ကုန်မြစ်တွေ၊ ဒီရေ အတက်အကျရှိတဲ့ မြစ်တွေ၊ ချောင်းတွေနားမှာ ရှိတဲ့ ရပ်ကွက်တွေ၊ ကျနော်တို့ ဒဂုံ ဆိပ်ကမ်းတို့၊ အလုံတို့၊ monkey point တို့၊ ကြည့်မြင်တိုင်တို့ အဲဒီနေရာတွေမှာ ဘာဖြစ်သလဲ။ ရေငံ တိုးတယ်။ ရွှေပြည်သာတို့ ဘာတို့ ဆိုရင် အနောက်ဖက် ခြမ်းဆို ရေငံတွေ တိုးလာတယ်။

မေး။ ။“ဒါဆို မြေအောက်ရေကို ဘယ်လောက်အထိ ရနေနိုင်ပါလဲဆရာ”

ဦးမြင့်သိန်း။ ။“ဒီမြေအောက်ရေကိုတော့ ထုတ်လို့တော့ ရနေအုံးမှာပဲဗျ။ ၂၀၃၀ – ၄- ၅ ဆယ်လောက်။ အဲဒီနောက်ပိုင်း ၂၀၃၀ နောက်ပိုင်း ၂၀၄၀ လောက် ဆိုရင်တော့ မြေအောက်ရေကတော့ ရမယ်၊ အရည်အသွေးကျသွားမယ်။ သောက်သုံးလို့ ရတဲ့ အနေအထား မျိုးတွေ နဲလာမယ်။ ဘာလို့ မြေအောက်ရေ ရနိုင်မယ်လို့ ကျနော် ပြောသလဲ ဆိုတော့ ရေချိုဝင်တဲ့ ရပ်ဝန်း မရှိတော့ ရေငံက ဝင်လာတယ်။ မြေအောက်ရေက ရေချိုက ရေငံပေါ်မှာ မူတည်တယ်ဗျ။ ရေချိုရဲ့ density သိပ်သည်းဆက ၁ ရှိတယ်။ ရေငံရဲ့ သိပ်သည်းဆက ၁.၀၂ ပဲ ရှိတယ်။ အဲဒီတော့ floating ဖြစ်တယ်။ အပေါ်မှာ ပေါ်တယ်။ အဲဒီမှာမှ ရေချိုရဲ့ ရေထုက ပါးပြီးတော့ ရေငံကို မဖိနိုင်ဘူး ဆိုရင် ရေငံက အောက်ကနေ ဖေါက်ပြီး ထွက်သွားမယ်။ ရေချိုနေရာကို ရေငံကရောပြီးတော့ အဲဒီမှာ ကျနော်တို့ အရပ် အခေါ်ကျတော့ တွင်းပျက်သွားတယ်လို့ ခေါ်တာပေါ့။ ရေတွင်းက ရေမချိုတော့ဘူး။ ရေမကောင်းတော့ဘူး။ ငံသွားပြီ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s