
နေရာဒေသတစ်ခုတွင် မိုးရွာခြင်းသည် အဆန်းမဟုတ်သော်လည်း ၂၀၂၁ သြဂုတ်လ ၁၄ ရက်နေ့က ဂရင်းလန်းကျွန်း၌ ရွာသောမိုးကို သမိုင်းဝင်မိုးအဖြစ် မှတ်တမ်းလိုက်ရသည်။ အကြောင်းမှာ ယင်းကျွန်းတွင် ဆီးနှင်းကျသည်သာ ရှိပြီး မည်သည့်အခါကမှ မိုးမရွာခဲ့သောကြောင့်ဖြစ်သည်။
လေထုတွင်းရှိရေငွေ့များသည် အပူချိန်ပေါ်မူတည်ပြီး အေးလျှင်ဆီးနှင်းအဖြစ်၊ နွေးလျှင်မိုးအဖြစ်ရွာကျရာ ဂရင်းလန်းကျွန်းပေါ်သို့ ပထမဆုံးရွာကျသောမိုးက ကမ္ဘာ့အပူချိန်တက်လာနေကြောင်း ထင်ရှားစွာ သက်သေပြလိုက်သည်။
ယင်းနေ့က ဂရင်းလန်းရှိတောင်ထိပ်တစ်ခုပေါ်၌ သုတေသနလုပ်နေသောပညာရှင်တို့သည် မိုးရွာသည်ကို အံ့အားသင့်စွာ တွေ့လိုက်ကြသော်လည်း မိုးရေချိန်ကိုမူ မတိုင်းလိုက်နိုင်ကြချေ။ အကြောင်းမှာ ဂရင်းလန်းတွင် မည်သည့်အချိန်ကမှ မိုးမရွာခဲ့ဖူးသည့်အတွက် မိုးရေချိန်တိုင်းကိရိယာလည်း မရှိ၍ ဖြစ်သည်။
မြင့်တက်လာနေသောအပူချိန်ကြောင့် ၂၀၂၁ ဇူလိုင်လ၏ ရက်တစ်ရက်တည်းတွင် ဂရင်းလန်းရေခဲထုတန်ချိန် ၈ . ၅ ဘီလျံတန်ခန့် ဆုံးရှုံးခဲ့သည်။
၂၀၁၉ ခုနှစ်တစ်နှစ်လုံးတွင် ဂရင်းလန်းရေခဲထု ၅၃၂ ဘီလျံတန်မျှ အရည်ပျော်ခဲ့ပြီး ယင်းရေခဲပျော်ရည်တို့ကြောင့် ပင်လယ်ရေပြင်သည် ၁ . ၅ မီလီမီတာမြင့်တက်ခဲ့သည်။
One thought on “ဂရင်းလန်းကျွန်းတွင် မိုးရွာခြင်း”